Breaking News
ထိုင်းကုန်သွယ်ရေးအသင်း အရေးပေါ်သတင်းထုတ်ပြန်ချက်
အခြေခံအလုပ်သမားရှားပါးမှုပြဿာနာကြောင့် ထိုင်းနိုင်ငံ၏စီးပွားရေးကိုထိခိုက်နိုင်ကြောင်းထုတ်ပြန်သည်။
ဘန်ကောက် – ဩဂုတ်၊၂၆
ထိုင်းကုန်သွယ်ရေးအသင်းက ယနေ့ အရေးပေါ်သတိပေးချက် ထုတ်ပြန်ပြီး အလုပ်သမားအင်အားရှားပါးမှုကြောင့် စက်မှု၊ လယ်ယာနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုက်ရိုက်ထိခိုက်နေေသာကြောင့်အစိုးရအား အလျင်အမြန် ဖြေရှင်းေပးရန် တိုက်တွန်းလိုက်သည်။
နေရပ်ပြန်ကမ္ဘောဒီးယားအလုပ်သမားများနေရာတွင် အစားထိုးရန်သီရိလက်ာ၊နီပေါ စသောနိုင်ငံများမှအလုပ်သမားများအားတရားဝင်စနစ်ဖြစ် ခေါ်ယူပေးရန် တောင်းဆိုလိုက်သည်။
ကုန်သည်ကြီးများအသင်းက အစိုးရအား နိုင်ငံခြားသား အလုပ်သမားများကို MOU စနစ်အတိုင်း ခေါ်ယူခြင်း နှင့် လက်ရှိ သက်တမ်းကုန်သွားသည့် အလုပ်သမားများအတွက် နေထိုင်ခွင့် သက်တမ်းတိုးပေးရန် တိုက်တွန်းထားသည်။
“အလုပ်သမားအင်အားသည် ထိုင်းစီးပွားရေးအတွက် အခြေခံ အင်အားဖြစ်ပြီး ဖြေရှင်းမှုမရှိပါက စိုက်ပျိုးရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများ စွာကိုထိခိုက်နိုင်သည်” ဟု ကုန်သွယ်ရေးအသင်းက အသိပေးခဲ့သည်။
#mouစနစ် #လုပ်သားအင်အားရှားပါးမှု
#ထိုင်း #နီပေါ #သီရိလက်ာ #crd
