ထိုင်းလမ်းဘေးဆိုင်တွေမှာ ရောင်းတဲ့ မကျည်းသီးနှစ် အသားလုံးဆော့စ်က ပြုလုပ်နည်း။ ချို၊ ချဉ်၊ စပ် အရသာ အကုန်ပါဝင်ပြီး အသားလုံးတွေနဲ့ တွဲစားလို့ အကောင်းဆုံးပါပဲ။
🌶️ ပါဝင်ပစ္စည်းများ......
* မကျည်းမှည့်နှစ် - ၁/၂ ခွက်
(အရည်ညှစ်ပြီး အဖတ်စစ်ထား)
* ထန်းလျက် - စားပွဲတင်ဇွန်း ၃ ဇွန်း
* ငံပြာရည် - စားပွဲတင်ဇွန်း ၂-၃ ဇွန်း
* ငရုတ်သီးမှုန့် - စားပွဲတင်ဇွန်း ၁-၂ ဇွန်း
(စိတ်ကြိုက်ထည့်နိုင်ပါသည်)
* ကြက်သွန်ဖြူ - ၅-၆ တက်
(နုတ်နုတ်စဉ်း သို့မဟုတ် ကြမ်းကြမ်းထောင်းပါ)
* ငရုတ်သီးခြောက်ကြော် - ၁၀-၁၅ တောင့်
(အနံ့မွှေးစေရန်နှင့် အလှဆင်ရန်အတွက်)
* နံနံပင် - အပေါ်မှဖြူးရန်
* ရေအနည်းငယ် (အနှစ်ကိုပျစ်အောင်လုပ်ချင်လျှင်)
🍳 ပြုလုပ်နည်းအဆင့်ဆင့်.......
၁။ မကျည်းသီးအနှစ်ကို အိုးထဲထည့်ပြီး
ထန်းလျက်၊ ငံပြာရည်နဲ့ ငရုတ်သီးမှုန့်တို့ကို ထည့်ပါ။
၂။ ပြီးနောက် သမအောင်မွှေပြီး မီးအေးအေးနဲ့ ပျစ်လာသည်
အထိ ဆူအောင်တည်ပါ။
၃။ ပြီးလျှင် နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ပြီး
အနံ့မွှေးလာသည်အထိ ၂-၃ မိနစ်ခန့် ဆက်တည်ပါ။
၄။ မီးပိတ်ပြီး အအေးခံပါ။
၅။ စားခါနီးမှ ငရုတ်သီးခြောက်ကြော်နဲ့ နံနံပင်တို့ကို
အပေါ်ကနေဖြူးပြီး သုံးဆောင်နိုင်ပါပြီး။
💡အရသာပိုကောင်းစေမယ့် အကြံပြုချက်များ......
* လမ်းဘေးဆိုင်တွေလို အစပ်ပိုပြီး အနံ့မွှေးတဲ့အရသာမျိုး
ရချင်ရင် ကြက်သွန်ဖြူနဲ့ ငရုတ်သီးမှုန့်ကို အိုးထဲမထည့်ခင်
ထောင်းပြီးမှ ထည့်ပါ။
* အနှစ်ပျစ်စေချင်ရင် ရေအနည်းငယ် (သို့မဟုတ်)
ရေနွေးကြိုထားတာကို နည်းနည်းချင်းစီ ထည့်ပါ။
