#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျူးဆန့်ကျင်ရေးဝေဖန်မှုကြောင့် အမေရိကန်သံအမတ်ကြီးကို ပြင်သစ်ဆင့်ခေါ်
ပြင်သစ်နိုင်ငံသည် ဂျူးလူမျိုး ဆန့်ကျင်ရေးအကြမ်းဖက်မှုများ တိုးပွားလာမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ပျက်ကွက်ခဲ့သည်ဟူသော စွပ်စွဲချက်အတွက် ပါရီမြို့ရှိ အမေရိကန်သံအမတ်ကြီး ချားလ်စ်ကပ်ရှ်နာကို ဆင့်ခေါ်သွားမည်ဟု ပြင်သစ်တာဝန်ရှိသူများက ဩဂုတ် ၂၅ ရက်တွင် ပြောသည်။
ကပ်ရှ်နာသည် ဂျူးလူမျိုးဖြစ်ပြီး ၎င်း၏သားသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏သမီး အိုင်ဗန်ကာနှင့် လက်ထပ်ထားသူဖြစ်သည်။ ကပ်ရှ်နာသည် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ထံ ပေးစာဖြင့်ထိုသို့ဝေဖန်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သံအမတ်ကြီး၏စာတွင် ပြင်သစ်အနေဖြင့် အစ္စရေးနိုင်ငံအား ဝေဖန်ပြစ်တင်မှုများကို လျှော့ချရန်တောင်းဆိုထားသည်။ ပြင်သစ်နိုင်ငံတွင် လမ်းပေါ်၌ ဂျူးလူမျိုးများတိုက်ခိုက်ခံရခြင်း၊ တရားဇရပ်များ သို့မဟုတ် ကျောင်းများကိုပိတ်ပင်ခြင်းနှင့် ဂျူးပိုင်လုပ်ငန်းများကို ဖျက်ဆီးခံရခြင်းများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဆိုသည်။
ဂါဇာစစ်ပွဲ စတင်ချိန်မှစ၍ ပြင်သစ်နိုင်ငံတွင် ပြင်သစ်နိုင်ငံတွင် ဂျူးဆန့်ကျင်ရေး စိတ်ဓာတ်များ ပိုမိုမြင့်တက်ခဲ့ပြီးအစိုးရက ကိုင် တွယ်ဖြေရှင်းရန်ပျက်ကွက်ကြောင်း ကပ်ရှ်နာက ဝေဖန် သည်။ ပြင်သစ်နိုင်ငံကမူ အဆိုပါစွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပြီးလက်ခံနိုင်ဖွယ်မရှိဟု ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကပ်ရှ်နာကို ဩဂုတ် ၂၅ ရက်တွင် ဆင့်ခေါ်ထားကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်းအရ သံအမတ်ကြီးများသည် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကိုဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားသည်။
ဘီဘီစီ
