21 ပတ် - ဘာသာပြန်ပါ။

ချင်းမိုင်မြို့လေးက မန္တလေး ပြင်ဦးလွင် ဘားအံ့ တောင်ကြီး ကလော အားလုံးပေါင်းစပ်ထားတဲ့ မြို့လေးလိုပဲ vibe တွေအကုန်လုံးနီးနီးတူတယ် ပြောရမယ်မြန်မာတွေအတွက် တကယ် အလွမ်းပြေစရာကောင်းပြီး အသားကျဖို့လည်း လွယ်တယ်
မန်းလေးလိုပဲ ဆိုင်ကယ်ကို အများဆုံး စီးကြတယ် ပြင်ဦးလွင်လို ပန်းလေးတွေပွင့်တဲ့တောင်တွေရှိတယ်
ပန်းပွဲတော်တွေလဲ အစိုးရက နှစ်စဉ်လုပ်ပေးတယ်
ဘားအံနဲ့ တူတဲ့နေရာတွေလည်း အများကြီးပဲ
တောင်ကြီး ကလောနဲ့ တူနေတဲ့တောင်ပေါ်ရွာလေးတွေ ကော်ဖီဆိုင်လေးတွေလည်းရှိတယ်
တခါတလေ ထိုင်းမှာနေနေတယ်လို့တောင်မခံစားရ
ဘူး မြန််မာစာလွမ်းရင်လည်း မြန်မာကုန်စည်ကုန်ခြောက်အကုန်ရှိတယ်
မြန်မာထမင်းဟင်းဆို ဆိုင်မှာပဲ စားစား
ကိုယ်တိုင်ပဲ ချက်စားစား ငတ်မှာမပူရဘူး
တချိန် နိုင်ငံကောင်းလို့ ကိုယ့်မြို့ ကိုယ့်ရွာပြန်ခဲ့ရင်
ဒီလို အေးချမ်းစွာ ခိုလုံခွင့်ပေးခဲ့တဲ့ မြို့လေးကို အမှတ်ရနေမှာပါ….
#ချင်းမိုင် #crd

image
image
image
image