11 ပတ် - ဘာသာပြန်ပါ။

ဂုတ်ထိပ်တံတားဖျက်ဆီးခံခဲ့ရမှုအတွက် အဖွဲ့အ စည်းပေါင်းများစွာကပြင်းထန်စွာကန့်ကွက်ရှုတ်ချ
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့ကိုဆက်သွယ်ထားသော မန္တလေး-လားရှိုးသွားရထားလမ်းပေါ်မှ နှစ်ပေါင်း(၁၂၅)နှစ်သက်တမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်မီးရထားလမ်းတံတားသည် မြန်မာ နိုင်ငံ၏ အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးတံတား၊ ကမ္ဘာ့အကြီးဆုံးမီးရထားသံလမ်းတံ တားဖြစ်သည်။
အဆိုပါ ဂုတ်ထိပ်တံတားအား TNLA အကြမ်းဖက်အဖွဲ့ဝင်များမှ ဩဂုတ် ၂၄ ရက်နံနက်ပိုင်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ ကျောက်မဲမြို့ဘက်ခြမ်း၊ တံတားတိုင်အမှတ်(P-16)နှင့် ကမ်းကပ်ခုံ (AB-2)နေရာတို့ကြား ပေ(၆၀)အရှည်ရှိတံတားသံဘောင်နေရာနှင့် တံတား၏ကမ်းကပ်ခုံ(AB-2)တို့ ပျက်စီးခဲ့သည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုအား ဗုဒ္ဓဘာ သာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာ နိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည် ထောင်စု မြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအ သင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော် (ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်တို့မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု ထုတ်ပြန်ခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်း ရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာ-ရှိအာဟ် မွတ်စ်လင်စ်ဘာသာရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံဂီတအစည်းအ ရုံး(ဗဟို)တို့မှလည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြသည်။

image