မသိသူတွေက ကျော်သွားပေမဲ့ ....
သိသူတွေက ဖော်စားကြတဲ့ အပင်။
ဒီအပင်ကိုမြင်တာနဲ့ မြို့သူမြို့သားတွေတော့ သိချင်မှ သိပေမဲ့...
ကျေးလက်ဒေသမှာ နေခဲ့ဘူးပြီး..
ကျောက်သင်ပုန်းနဲ့ကျောက်တံကိုင်ခါ စာသင်ခဲ့ဘူးတဲ့
သူတိုင်းကတော့ သိကြပါတယ်။
ကိုယ့်ရဲ့ ကျောက်သင်ပုန်းမှာ ခြစ်ရာတွေ အစင်းတွေ
ဖြစ်လာတဲ့အခါတိုင်း ဒီအပင်ကိုရှာ ...
အတင်းဖိတိုက်ခဲ့ရတာကြောင့်ပါ။
ဒါကြောင့်လဲ....
အပင်မြင်လိုက်တာနဲ့ သူ့ရဲ့ မူရင်းအမည်နဲ့ ရုက္ခဗေဒအမည်ထက်
ကျောက်သင်ပုန်းပင် ကျောက်သင်ပုန်းရွက်ဆိုပြီး
အမည်တွင်တဲ့ ဖြစ်လာခဲ့တာပါ။
ဆေးကျမ်းအချို့မှာ နတ်သမီးကွမ်းရွက်ပင်၊
ရေကြည်ပင် စသဖြင့် ဖော်ပြထားပြီး...
အရွက်စိမ်းရနံ့က ကွမ်းရွက်အနံနှင့်တူသလိုရှိပြီး..
ပြုတ်လိုက်တဲ့အခါမှာတော့ ရေကနဖော့နှင့် အရသာဆင်တယ်။
ဒီအပင်လေးတွေက အလေ့ကျသဘာဝပေါက်ပင်ထဲမှာပါပြီး အလွန်ပွားလွယ်တယ်။
တချို့က အသုံးဝင်မှန်းမသိတော့...
မြက်အဖြစ်သဘောထားပြီး နှုတ်ပြစ်ကြတယ်။
တကယ်တော့...
ဒီ ကျောက်သင်ပုန်းပင်လေးတွေဟာ ဆေးဖက်ဝင်သလို ဟင်းလျာအဖြစ်လည်း ချက်စားလို့ရပါတယ်။
တချို့ဒေသတွေမှာဆို မတ်မတ်မောမောနဲ့...
ဂရုတစိုက် ပြုစုပြီး စိုက်ပျိုးကြတာ။
အိမ်တွင်းမီးဖိုးချောင်အတွက် ဟင်းတစ်ခွက်ရသလို
ကျန်းမာရေးနဲ့ပတ်သက်လို့ အသုံးလိုလာရင်လည်း အသုံးပြုနိုင်ကြလို့ပါ။
ကျောက်သင်ပုန်း၊ ရေကြည်၊ နတ်သမီးကွမ်းရွက်
ဘာတွေအသုံးဝင်လဲ.....?
အရွက်ကို အစိမ်းသုပ်စား၊ ပြုတ်ပြီးသုပ်စား
တို့စရာအဖြစ် စားလို့ရပါတယ်။
ထိုကဲ့သို့စားပေးပါ ဂေါက်ရောဂါ အဆစ်အမြစ်ရောင်ရောဂါ ဒူလာရောဂါများ သက်သာစေမှာဖြစ်ပါတယ်ဗျ။
ရင်သားကင်ဆာလို ရောဂါ အပါဝင်၊အဖုအကြိတ်ပေါက်သူများ..
၎င်းအရွက်အရိုး လက်တဆုပ်ခန့်ခုး ရေသန့်နဲ့ဆေးပြီး ထောင်းပါ။ ရလာတဲ့သတ္ထုရည်အား အနာပေါ်လိမ်းပေးခြင်း ၊အရေညှစ်ယူထားသော အဖက်များအား အဖုအကြိတ်နေရာ၌ အုံပေးထားခြင်းဖြင့် သက်သာစေပါတယ်။
မျက်စိနှင့်ပတ်သက်ပြီး တိမ်စွဲခြင်း မျက်သားတက်ခြင်း၊ အောင့်ခြင်းနာခြင်းဖြစ်ပါက...
၎င်းအရွင်အားခူးပြီး ရေနှင့်သေခြာဆေးပြီး အရည်ထုတ်ယူပါ။ ရလာသော သတ္ထုရည်အား အဝတ်သန့်သန့်(ရေစစ်)ဖြင့် အကြိမ်ကြိမ်စစ်ပြီး..
မျက်စင်းအဖြင့် ခပ်ပေးပါက တိမ်စွဲခြင်း မျက်စိနာခြင်းဝေဒနာ သက်သာစေပါမည်။
ကျောက်သင်ပုန်းရွက်အပင် ပဉ္စငါးပါးအား
ရေသေခြာဆေးပြီး ရေကျတဲ့အထိ ပြုတ်ပါ...
ရရှိလာသော အပင်ပြုတ်ရေဖြင့်...
နံက်,/ည နှစ်ကြိမ် မျက်နှာသစ်ပေးပါက...
တင်းတိပ် ဝက်ခြံ ရှိနေသူများ သက်သာပျောက်ကင်းပါမယ်ဗျာ...