2 ပတ် - ဘာသာပြန်ပါ။

ကြောင်လေးတွေကို မုန်လာဥနီကျွေးလို့ရလား❓
ရပါတယ်။ အများအပြားကျွေးစရာတော့မလိုပါဘူး။
ကျွေးတဲ့အခါ သတိထားရမယ့် အချက်တွေကတော့-
✅ အနည်းငယ်သာ ကျွေးပါ။ များများကျွေးရင် အစာအိမ်ပြဿနာဖြစ်မှာ စိုးရိမ်ရလို့ပါ။
✅ မုန်လာဥနီ အစိမ်းကျွေးနိုင်သလို ပြုတ်ပြီးလည်းကျွေးနိုင်ပါတယ်။ ဆီ၊ ဆား၊ ဟင်းခတ်အမွှေးအကြိုင်များ လုံးဝမထည့်ဘဲ ကျွေးပါ။
✅ စားတဲ့အခါ လည်ချောင်းမှာ မနင်အောင်အတုံးသေးသေးလေးတွေ လှီးပြီးမှ ကျွေးပါ။
✅ မတည့်တာမျိုးရှိမှာဆိုးတဲ့အတွက် ပထမဆုံးအကြိမ်ကျွေးတဲ့အခါ အခြေအနေကို သတိထားကြည့်ပါ။ ဝမ်းပျက်တာ၊ အော့အန်တာ စတာတွေ ဖြစ်ရင် ထပ်မကျွေးပါနဲ့တော့။
မုန်လာဥနီကို သင့်တင့်စွာ ကျွေးမွေးခြင်းက ကြောင်လေးတွေအတွက် အစာချေစနစ်ကို ကူညီပေးနိုင်ပါတယ်။

image