2 w - Translate

Bon Appétit, Your Majesty 2025 နှစ်ပိုင်းကြည့်ပီးမှပဲ review လုပ်မယ်လို့တွေးထားတာ တစ်ကယ်စောင့်ရတာတန်ရဲ့လားဆိုပီးအဖြေရှာခဲ့တာ တစ်ကယ်ကိုစောင့်ရကျိုးနပ်ပါတယ်
လူအများထင်သလို မင်းသမီးကပဲ carry နေရမယ်ဆိုပီးတွေးနေတဲ့ အတွေးတွေက အပိုင်း တစ် စကြည့်တာနဲ့ကို လုံးဝပျောက်သွားစေမှာပါ အပိုင်းနှစ် ပါကြည့်ပီးရင်တော့ မင်းသားလည်း သူနဲ့လိုက်တယ်ဆိုတဲ့ခံစားချက်ရယ် မင်းသမီးနဲ့ ဓာတုမိတယ်ဆိုတဲ့ခံစားချက်ရယ် တစ်ခြားပါဝင်တဲ့သရုပ်ဆောင်တွေအားလုံးကလည်း ကြည့်ရတာ သူ့နေရာနဲ့သူ အံ့ဝင်ဂွင်ကြလွန်းလို့ ဇာတ်ကားကို Ep1 ကြည့်မိကထဲက Ep 2 ကို မြန်မြန်ကြည့်စေချင်တဲ့ စိတ်လည်းဖြစ်ပေါ်စေမှာပါ ဒါဟာ Editing သမားရဲ့ တန်ပိုမြှင့်ပီး ဖမ်းစားနိုင်စွမ်းရော ပါပါတယ်
Ep2 ကြည့်ပီးသွားရင်တော့ ငါဒီကားအပိုင်းအသစ်ထက်လာဖို့ မစောင့်နိုင်တော့ဘူးဆိုတဲ့ ခံစားချက်ပါထက်ရလာမှာပါ webtoon ဖတ်သူတွေ drama ကြည့်သူတွေနဲ့ မစိမ်းတဲ့ အပ်ကြောင်းထပ် အချိန်ခရီးသွားဇာတ်လမ်းမျိုးပေမဲ့ ဒီကားကို ကြည့်ပီးတာနဲ့ ဆက်ကြည့်ချင်စိတ်တွေ မအောင့်နိုင်စိတ်တွေ ဖြစ်တယ်ဆိုကထဲက အဖက်ဖက်က ပါဝင်တဲ့ တစ်ယောက်ချင်းစီတိုင်းရဲ့ တာဝန်ကျေမှု့ကြောင့်ပဲဖြစ်ပါတယ်
ဒီလိုတာဝန်ကျေခဲ့လို့လဲ netflix ရဲ့ ဂလိုဘယ်မှာ နံပါတ်သုံးနေရာကို ချိတ်ခဲ့တာဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်းအနဲငယ်ပြောရရင်တော့ moon lover ကို ချက်ချင်းသတိရသွားစေမဲ့ ရေတွေရယ် နေကြတ်တာရယ် စာအုပ်တွေရယ်ပါပဲ novel ဖတ်တဲ့သူတွေကတော့ ဇာတ်သိမ်း မကောင်းဘူးလို့အသံထွက်နေကြပေမဲ့ live action မှာတော့ ပြန်ပြောင်းပေးမလားတော့မသိသေးပါဘူး novel နဲ့မတူဘူးလို့တော့ အသံတွေကြားရတယ်
ဒီကားမထွက်ခင်ကျနော် post တင်ရေးခဲ့သလိုပဲ တစ်ကယ့်ဘုရင်ရဲ့အကြောင်းကို နဲနဲပြန်ပြောင်းထားတယ် ကုန်းကုန်းကကာကွယ်မွေးစားတာတွေထည့်ပေးထားတယ် ကုန်းကုန်းကို ပြန် tat လိုက်တာတော့ ထည့်ပေး မပေးကတော့မသိသေးဘူး ဇာတ်လမ်းကိုတော့ ကျနော်အပါဝင်တော်တော်များများက သဘောကြနေတဲ့အသံတွေကြားရတာလဲ ဝမ်းသာမိပါတယ် မျှော်နေတာလေး မ drop ရတော့ဘူးပေါ့
နောက်တစ်ခုအနေနဲ့ ဒီကားမှာ yoona ရဲ့ ဟင်းချက်နေတဲ့အခန်းတွေက တစ်ခြား kdrama ကားတွေမှာ သုံးနေကြသလို အနီးကပ် လက်တွေပဲ ပြတဲ့ကဒ်တွေကြရင် လူစားထိုးပီး ချက်ပြုတ်တာတွေ မလုပ်ထားပါဘူး Yoona ကိုယ်တိုင်က ဒီကားအတွက် ဟင်းချက်သင်တန်း သုံးလတက်ပီး သင်ခဲ့တာပါ အနီးကဒ် လက်တွေပဲ ပြတဲ့ကဒ်တွေကလည်း yoona ရဲ့ လက်တွေပါပဲတဲ့ လူစားမထိုးပါဘူးတဲ့ဗျာ
ကဲအဲ့လိုအဖက်ဖက်ကနေ အမျိုးမျိုးကြိုးစားထားတဲ့ကားကို မကြည့်ရသေးတဲ့သူတွေရှိရင် ကြည့်ကြည့်နော် တစ်ကယ်ကိုကောင်းပါတယ်ဗျ 🌹🌹❤

image