2 ပတ် - ဘာသာပြန်ပါ။

ရွှေထုပ် ၊ငွေထုပ် ဖက်ထုပ်ကြော်
****************

ဖက်ထုပ်ရွက်.................. (၂၅) ရွက်
အရိုးထုတ်ကြက်သား........၀.၂၅ ကီလို
ကြက်သွန်ဖြူ................... ၃ တက်( ညှက်အောင်ထောင်း)
ကြက်သွန်မြိတ်................၅ပင် ( ပါးပါးလှီးထားပါ )
ကြက်ဥ......................... ၁လုံး
ပဲကြာဇံ.........................အနည်းငယ် ( နုပ်နုပ်စဉ်း)
ကြံက်နားရွက်မှို...............အနည်းငယ်(.......။.......)
နံနံပင်...........................အနည်းငယ်( နုပ်နုပ်စဉ်း)
ပြောင်းမှုန်.....................၁ ဇွန်း ( ထမင်းစားဇွန်း)
ပဲငံပြာရည်အကြည်..........၂ဇွန်း...( ......။...........)
ခရုဆီ........................... ၁ဇွန်း..(.......။..........)

ကြက်သွန်မြတ်.................၃၀ ခု ခန်.( ဖက်ထုပ်ချည်ရန်)
ရေနွေးဖျောပြီး...ရေညှစ်ထုပ်ထားပါ။

ကြက်သားကို..ညှက်နေအောင်ကြိတ် (သို.) နုပ်နုပ်စဉ်းပါ။

ပါ၀င်ပစ္စည်းတွေကိုလိုအပ်သလိုပြင်ဆင်ပါ။

ကြက်သား၊ ကြက်ဥ ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်မြိတ် ၊ နံနံပင် ၊ ပဲကြာဇံ ၊
ကြွက်နားရွက်မှို ၊ ပြောင်းမှုန်. ၊ငရုတ်ကောင်းမှုန်.တို.ကို အရသာထည့်ပြီး
သမအောင်နယ်ပေးပါ။

ဖက်ထုပ်ရွက်အလည်တည့်တည့်မှာ..မိမိလိုချင်သလောက်...ပမာဏလေး
ထည့်ပြီး..ဖက်ထုပ်ရွက်အနားသားတွေကို ပုံစံညီစုယူပါ။

စုယူထားတဲ့အနားသားတွေနေရာမှာ ရေနွေးဖျောထားတဲ့ကြက်သွန်မြိတ်လေး
နဲ.ချည်နှောင်ပါ..။

အနားသားအစွန်းထွက်တွေမညီဘူးဆိုရင်..ကပ်ကြေးလေးနဲ.တိဖြတ်ပေးပါ။

ပူနေတဲ.ဆီမှာ..ကြွပ်ပြီးရွေအိုရောင်လေးရအောင်ကြော်ယူဆီစစ်ပါ။

image