နေ့တိုင်း ​လေ့ကျင့်ရမလား၊ ဘယ်နှစ်ရက် နားရမလဲ ​မေးတတ်ကြပါတယ်။
🧘 အ​ဖြေက​တော့ ​လေ့ကျင့်သူက ကိုယ့်ကိုယ်ကို သုံးသပ်ရပါမယ်။ ​နေ့တိုင်း ​လေ့ကျင့်ဖို့ ဝန်ပိ​နေလား၊ အချိန် ​ပေးနိုင်မှု၊ ပင်ပန်းတာ ခံနိုင်ရည်၊ ​လေ့ကျင့်ခန်း​တွေ လုပ်ခဲ့တဲ့ အ​လေ့အကျင့် စသဖြင့် တ​ယောက်နဲ့ တ​ယောက် မတူကြပါဘူး။
🧘 ​ကိုယ်က ​နေ့တိုင်း ​လေ့ကျင့်နိုင်တယ်။ အချိန်လည်း ​ပေးနိုင်တယ်။ ​နေ့တိုင်း ​လေ့ကျင့်ရင် ပိုပြီး ​နေလို့ ထိုင်လို့ ​ကောင်းတယ်။ ပိုကျန်းမာတယ်လို့ ခံစားရသူ​တွေက ​နေ့တိုင်း ​လေ့ကျင့်​ပေးပါ။ ( အကွက်​တွေ မြန်မြန် ရချင်​ဇောနဲ့ အပြင်းအထန် ​လေ့ကျင့်တာ​တွေကို​တော့ ​ရှောင်​စေချင်ပါတယ်။)
🧘 ​နေ့တိုင်း ​လေ့ကျင့်ဖို့ အချိန်​ကော ပင်ပန်းမှု​ကော ဝန်ပိတယ်လို့ ခံစားရသူ​​တွေက တပတ်မှာ ၆ရက်၊ ၅ရက်၊ ၄ရက် စသဖြင့် ကိုယ့်အ​​ခြေအ​နေ​ပေါ် မူတည်ပြီး ကိုယ်အဆင်​ပြေသလို ​လေ့ကျင့်လို့ ရပါတယ်ရှင့်။
🧘 ခုမှ ​ယောဂ စ​လေ့ကျင့်သူ​တွေက တပတ်မှာ ၃ရက် ၄ရက် က​နေ စ​လေ့ကျင့်​ပေးလို့ ရပါတယ်ရှင့်။ တစိုက်မတ်မတ် ​လေ့ကျင့်တာ နှစ်ချီ ကြာလာရင် ​နေ့တိုင်း ​လေ့ကျင့်ချင်စိတ် ဖြစ်လာပါမယ်ရှင့်။
🧘 အမြဲ ကျန်းမာ လှပ​နေဖို့ ​ယောဂ ​လေ့ကျင့်ကြမယ်။

image