ဘဝမှာ ကိုယ့်အကြောင်းကို ကိုယ်ကိုယ်တိုင်သာ အသိဆုံးမို့ ဘယ်သူတွေ ဘာပြောပြော ဂရုစိုက်မနေဘဲ ကိုယ့်ရဲ့လမ်းကြောင်းကိုသာ ဟန်မပျက် ဆက်လျှောက်ပြီး ကိုယ့်သမိုင်းကို ကိုယ်တိုင် ကဗျည်းရေးထိုးပါ ။ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်ကိုယ်တိုင် ပုံဖော်ပါ ။ ခြယ်သပါ ။ အရည်အချင်း ရှိအောင်လုပ်ပါ ။ ကိုယ့်ရဲ့နှလုံးသားက ပြောတဲ့စကားကို နားထောင်ပါ ။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပဲလို့တွေးပြီး ဘဝင်မြင့်နေသူဟာ ဆက်ကြိုးစားလေ့ ၊ ဆက်လေ့လာလေ့ မရှိတာကြောင့် ဘာပဲလုပ်လုပ် “ ငါ လုပ်တာဟာ အားလုံးထဲမှာ အကောင်းဆုံးပဲ”လို့ မမှတ်ယူလိုက်ပါနဲ့ ။ ဒါပေမဲ့ အမြဲအကောင်းဆုံးတော့ ကြိုးစားပါ ။
#အက္ခရာ

image