9 ပတ် - ဘာသာပြန်ပါ။

၈၉၉ ခုနှစ်၊ အင်္ဂလိပ်အင်ပိုင် မြန်မာနိုင်ငံခေတ် မှာ ဂုတ်ထိပ်တံတားကို တည်ဆောက်ခဲ့ပါတယ်။ ဂုတ်တိပ်တံတားဟာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အနောက်ပိုင်း၊ နောင်ချိုမြို့ အနီးမှာ တည်ရှိပြီး မီးရထားသာ ဖြတ်သန်းဖို့ တည်ဆောက်ထားတဲ့ တံတားဖြစ်ပါတယ် ….
ဒီတံတားက မေမြို့-လားရှိုးလမ်းအနီးမှာ တည်ရှိတဲ့တံတား ဖြစ်ပါတယ်။ ပြင်ဦးလွင် (မေမြို့)ကတော့ အင်္ဂလိပ်ကိုလိုနီခေတ်က အုပ်ချုပ်သူတွေရဲ့ နွေရာသီ အပန်းဖြေမြို့တော်ဖြစ်ပြီး လားရှိုးမြို့ကတော့ မြောက်ပိုင်းရှမ်းပြည်နယ်၏ အဓိကမြို့ဖြစ်ပါတယ် ။
ဒီတံတားက မြန်မာနိုင်ငံအတွင်း အမြင့်ဆုံး တံတားလည်းဖြစ်ပြီး၊ တံတားပြီးစီးခဲ့ချိန်တုန်း ကမ္ဘာ့အကြီးဆုံး မီးရထားတံတားဖြစ်ခဲ့ဖူးပါတယ်။ ဂုတ်ထိပ်တံတားဟာ မန္တလေးမြို့အရှေ့မြောက် ၁၀၀ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။ ဒီဂုတ်ထိပ်တံတားကို အင်္ဂလိပ်ကိုလိုနီ အစိုးရအတွက် Pennsylvania and Maryland Bridge Construction Company က ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ပေးခဲ့ပြီး ၁၉၀၀ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တံတားရဲ့အစိတ်အပိုင်းများကို Pennsylvania Steel Company က ထုတ်လုပ်ပြီး အမေရိကန်နိုင်ငံမှ သင်္ဘောနဲ့ ပို့ဆောင်ခဲ့ရကြောင်း မှတ်သားရပါတယ်။
ဂုတ်ထိပ်တံတား အပါအဝင် မီးရထားလမ်းကို တည်ဆောက်ရခြင်း အကြောင်းတွေကတော့ အင်္ဂလိပ်အင်ပါယာရဲ့ နယ်မြေချဲ့ထွင်ရေး အတွက်လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့ ရည်ရွယ်ပါတဲ့ဗျာ ….။
အခုတော့တစ်ချို့နေရာ ပျက်စီးသွားပါပြီ.......

image