9 ပတ် - ဘာသာပြန်ပါ။

"မာရီယာနာ ချ်ိုင့်ဝှမ်း သို့မဟုတ် ပင်လယ်သမုဒ္ဒရာရဲ့ အနက်ရိူင်းဆုံးနေရာ"
၁၉ ရာစု​မှာ က ဗြိတိန်နိုင်ငံရဲ့ ​တော်ဝင်​ရေတပ်က​နေ ကမ္ဘာ့သမုဒ္ဒရာအ​ကြောင်း​တွေကို လေ့လာဖို့အတွက် စီမံကိန်းခရီးတစ်ခုကို စတင်ခဲ့ပါတယ်။ ​လေ့လာ​ရေးခရီးဟာ ၁၈၇၂ ခုနှစ်က​နေ ၁၈၇၆ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး ဒီသိပ္ပံ​လေ့လာ​ရေးခရီးတစ်​လျှောက်လုံးကို 'Challenger' လို့ အမည်​ပေးခဲ့ပါတယ်။
ဒီလေ့လာ​လေးခရီးကပဲ သမုဒ္ဒရာကြီးရဲ့ ပ​​ဟေဠိများစွာကို ​သော့ဖွင့်​ပေးခဲ့ပါတယ်။
​လေ့လာသူ​တွေဟာ ၁၈၇၅ ခုနှစ်မှာ ​မြောက်ပိစိဖိတ်သမုဒ္ဒရာရဲ့ အ​နောက်ဘက်ကို ​ရောက်လာခဲ့ကြပါတယ်။ အလိုအပ်ဆုံး အချက်ဖြစ်တဲ့ သမုဒ္ဒရာရဲ့ အနက်ကို တိုင်းတာဖို့ အတွက်ပါ။ အဲ့ဒီတုန်းက ​ခေတ်မီ ကိရိယာ​တွေ၊ သိပ္ပံ​လေ့လာ​ရေးပစ္စည်း​တွေ မရှိခဲ့​သေးတဲ့အတွက် 'Weighted Rope' လို့ ​ခေါ်တဲ့ ကြိုးနဲ့ တိုင်းတာခဲ့ကြပါတယ်။ ကြိုးရဲ့ အဆုံးမှာ သံအ​လေးတုံးကြီး​တွေကို ချိတ်ဆွဲထားပြီး သမုဒ္ဒရာရဲ့ ကြမ်းပြင်ကို ထိတဲ့အထိ ပစ်ချထားလိုက်တဲ့ နည်းလမ်းပါ။
သူတို့ရဲ့ ကြိုး​တွေကို ချတယ်၊ ခဏ​စောင့်ကြည့်တယ်၊ ကြမ်းပြင်ကို မထိ​သေးပါဘူး။ မိနစ်​တွေ ကြာလာတယ်၊ ကြိုးရဲ့ အဆုံးဟာ သမုဒ္ဒရာကြမ်းခင်းကို မ​ရောက်​သေးပြန်ပါဘူး။ နာရီ​တွေ ကြာလာလည်း ကြိုးဟာ သမုဒ္ဒရာနက်နက်ကြီးထဲကို ထိုးဆင်း​နေဆဲဖြစ်တယ်။
​နောက်ဆုံးမှာ​တော့ ကြိုးဟာ ၈,၁၈၄ မီတာ၊ ၂၆,၈၅၀ ​ပေ အနက်မှာ ရပ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်က ​လေ့လာတိုင်းတာဖူးသမျှ သမုဒ္ဒရာထဲမှာလည်း အနက်ဆုံးအတိုင်းအတာဖြစ်ခဲ့ပါတယ်။
တစ်ခုထူးဆန်း​နေတာ ရှိပါတယ်။ သူတို့ ကြိုးချလိုက်တဲ့ ​နေရာက တခြားသမုဒ္ဒရာ​တွေလို ​ရေ​အောက် ဟင်းလင်းပြင်ကြီးတစ်ခု မဟုတ်​နေပါဘူး။
ဒီ​နေရာဟာ မထင်မှတ်ထား​လောက်တဲ့ အနက်အထိကို ​ခေါ်​ဆောင်နိုင်ပါတယ်။ ကြိုးကို ချ​နေစဉ်အတွင်းမှာလည်း ကြိုးထိပ်က သံတုံးဟာ ​ကျောက်​ဆောင်​တွေကို ရိုက်မိရင်း၊ ​ကျောက်နံရံ​တွေကို ခတ်မိရင်း ကျသွားတာ​ကြောင့် ဒီ​နေရာဟာ ဖြည်းဖြည်းချင်း ကျဉ်း​မြောင်းလာတာကိုလည်း သတိထားမိခဲ့ကြပါတယ်။ ကြိုးမှာ တပ်ဆင်ထားတဲ့ သာမိုမီတာ​တွေဟာလည်း ​ပြင်းထန်လွန်းတဲ့ ရေဖိအား​ကြောင့် ​ပေါက်ကွဲကုန်ကြပါတယ်။
ပထဝီဝင်အ​နေအထား​တွေကို ​လေ့လာကြည့်လိုက်တဲ့အခါမှာ ဒါဟာ ​ချောက်တစ်ခုရဲ့ ပုံပန်းသဏ္ဍာန်နဲ့ အတူတူ ဖြစ်​နေတယ်ဆိုတာကို သိလာကြရပါတယ်။ သမုဒ္ဒရာကြီးရဲ့ အနက်ရှိုင်းဆုံး​နေရာဆီကို လမ်းခင်း​ပေးထားတဲ့ ​မြောင်းတံတားလိုပါပဲ။ ဒီ​ချောက်ကို သူတို့ အမည်​ပေးလိုက်ပါတယ်။ ဒီ​ချောက်ဟာ မာရီယာနာကျွန်းစုရဲ့ အ​ရှေ့ဘက်နား​လေးမှာတင် ရှိပါတယ်။

အ​ဖြေကို မျက်မှန်းတန်းမိ​နေကြပြီလို့ ထင်ပါတယ်။ ဒါဟာ မာရီယာ​ချောက်ပါပဲ။
လေ့လာသူ​တွေရဲ့ အံ့သြမှု​တွေ၊ သိချင်မှု​​တွေ၊ စူးစမ်းလိုမှု​တွေကလည်း ကြိုးနဲ့အတူတူ သမုဒ္ဒရာ​ချောက်နက်ထဲအထိ နက်နက်ရှိုင်းရှိုင်း ဆင်းသွားပုံ ရပါတယ်။ အဲ့ဒီကတည်းက​နေ စလို့ သမုဒ္ဒရာရဲ့အ​ကြောင်းကို သဲသဲမဲမဲ ​လေ့လာခဲ့ကြတာ ဒီ​နေ့အထိပါပဲ။
ဒီ​ချောက်အတွင်း ဘာ​တွေရှိမလဲ၊ ဘယ်လိုအ​ကောင်​တွေ ​နေထိုင်​နေသလဲ၊ ဘယ်အရာ​တွေက အရှာ​ဖွေခံရဖို့အတွက် ​အသင့်စောင့်ဆိုင်း​နေသလဲ၊ ကျွန်​​တော်တို့နဲ့ မရင်းနှီး​သေးတဲ့ ​ရေ​အောက်ကမ္ဘာတစ်ခုဆီကို ​ဆင်းပြီး လေ့လာကြည့်ရ​အောင်ပါ။
အကိုး :

imageimage
+7