◼ ကာဂျီကီမုန်တိုင်းဝင်မည့် ဗီယက်နမ်တွင်လူပေါင်း ငါးသိန်းကျော်ရွှေ့ ပြောင်း
၂၀၂၅ ခုနှစ်အတွင်း အင်အားအပြင်းထန်ဆုံးဖြစ်သော မုန်တိုင်းအတွက် ကြို တင်ပြင်ဆင်မှုအဖြစ် ဗီယက်နမ် က လေဆိပ်များကိုပိတ်သိမ်းပြီးစာသင် ကျောင်းများကို ပိတ်ထားကာ လူပေါင်း ငါးသိန်းကျော်အား ရွှေ့ပြောင်း ရေးအစီအစဉ်များကို စတင်ခဲ့ကြောင်း သိရသည်။
လေတိုက်နှုန်းတစ်နာရီ ၁၆၆ ကီလိုမီတာနှုန်းဖြင့် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကမ်းရိုးတန်းသို့ ချဉ်းကပ်လာသော ကာဂျီကီတိုင်ဖွန်းမုန်တိုင်းသည် ယနေ့ နေ့လယ်တွင် ကုန်းတွင်းသို့ မဝင်ရောက်မီ ပိုမို အင်အား ပြင်း ထန် လာ နိုင်ကြောင်း ဗီယက်နမ်မိုးလေဝသဌာန က ခန့်မှန်းထားသည်။
“ ဒါဟာ အလွန်အန္တရာယ်ကြီးတဲ့ ရွှေ့လျားမှုမြန်ဆန်တဲ့ မုန်တိုင်းတစ်လုံး ဖြစ်ပါတယ်။” ဟု ယမန်နေ့ည အစိုးရ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ကာ မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်း နှင့် မြေပြို ခြင်း များ ဖြစ်ပေါ်နိုင်ကြောင်းလည်း သတိပေးထားသည်။
ကာဂျီကီမုန်တိုင်းသည် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ဗီယက်နမ်အ လယ်ပိုင်းကမ်းလွန် ၁၅၀ ကီလိုမီ တာအကွာတွင် ရောက်ရှိနေကြောင်း ဗီယက် နမ် မိုးလေဝသဌာနက ပြောကြားချက်အရသိရသည်။
မုန်တိုင်း၏ ဗဟိုချက်သည် သန်ဟောင်း နှင့် နင်ဟီအန် ဒေသကြားဧရိယာသို့ ယနေ့ညနေ ၄ နာရီ ခွဲခန့်တွင် ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြသည်။
ကာဂျီကီမုန်တိုင်းသည် ပြီးခဲ့သည့်နှစ်က ဝင်ရောက်ခဲ့သော ယာဂီမုန်တိုင်းကဲ့သို့ အင်အားပြင်းထန်မည်ဟု မျှော် လင့်ထားကြောင်း ဗီယက်နမ်အစိုးရ ကပြောကြားသည်။
မနှစ်က ယာဂီမုန်တိုင်းကြောင့် ဗီယက်နမ်တွင် လူ ၃၀၀ ခန့် သေဆုံးခဲ့ကာ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ကျော်လွန်ခဲ့သည်။
လူပေါင်း ငါးသိန်းကျော်ကို ရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်း နှင့် လှေ၊ သင်္ဘောများ ကျောက်ချ ကမ်းကပ် ထား ကြ ရန် အာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။
သန်ဟောင်နှင့် ကွမ်ဘင်း ပြည်နယ်တို့မှ လေဆိပ်နှစ်ခုကို ပိတ်ထားကြောင်း ဗီ ယက်နမ် အရပ်ဘက် လေကြောင်း အာဏာပိုင်အဖွဲ့ က ပြောကြားပြီး နိုင်ငံပိုင် Vietnam Airlines နှင့် Vietjet လေကြောင်းတို့က ယင်းဒေသများသို့ အဝင်၊ အထက် ခရီးစဉ်များကို ဖျက်သိမ်းထားသည်။
ကာဂျီကီမုန်တိုင်းသည် ယမန်နေ့က တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမှ ဟိုင်နန်ကျွန်းကို ကွေ့ပတ်ခဲ့ကာ ဗီ ယက်နမ်သို့ ဆက်လက်ဦးတည်လာခဲ့သည်။
ထို့ကြောင့် ဟိုင်နန်ကျွန်းပေါ်မှ ဆာညာစီးတီး မှ စီးပွားရေး လုပ် ငန်းများ ၊ အများပြည်သူ သယ်ယူပို့ ဆောင် ရေးများကို ရပ်တန့်ထားခဲ့ကြသည်။
တောင်တရုတ်ပင်လယ်ကို မျက်နှာမူနေသော ဗီယက်နမ်သည် မကြာခဏဆိုသလို လူအသက်ဆုံးရှုံးစေပြီး အန္တ ရာယ်ကြီးသောရေကြီးမှု နှင့် မြေပြိုမှုများပါ ဖြစ်စေသည့် ပြင်းထန်မုန်တိုင်းများ ဒဏ်ကို ခံစားရလေ့ရှိသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း