9 w - Translate

မအိမ်ကံ " တဲ့...
ဖတ်ပြီးတော့ သက်ပြင်းတွေချလိုက်ရတာ အခါခါ...
မအိမ်ကံဟာ အနိုင်ယူ ခဲ့တာလား ၊ အရှုံးပေးခဲ့တာလား ..... ။
ကျနော်တို့ လူ အဖွဲ့အစည်းမှာ ကိုယ်မပြောင်းလဲ နိုင်တဲ့ အရာ ကို အပြစ်တစ်ခုလို့ မြင်တာဟာ တကယ့်ကို မဖြစ်သင့်တဲ့ အရာပဲ ။
ကျနော်တို့ဟာ ဘယ်မိဘက မွေးရမယ် ၊
ချမ်းချမ်းသာသာ မွေးရမယ် ၊ ရုပ်လှလှလေး
မွေးရမယ် စသဖြင့် စိတ်ကြိုက်ရွေးချယ်လို့မရဘူး ။
ကိုယ့်ဘ၀နဲ့ ကိုယ် ၊ သူ့ဘ၀ နဲ့ သူ လာတာ ။
ဒီလို ကိုယ်ပြောင်းလဲ လို့မရတဲ့ အရာကို
ပြစ်ချက် တစ်ခုအဖြစ် မြင်လို့မရဘူး ။
အဲ့တာကို ပြစ်ချက်တစ်ခု လို မြင်တဲ့ သူဟာ
လူဖြစ်ပြီး လူလို မသိ ၊ လူကျင့်၀တ်မရှိတဲ့ သူပဲ ။
ဒါပေမဲ့ အဲ့ဒီလို မြင်တဲ့ သူဟာ တစ်ယောက်တည်း မဟုတ်ဘဲ လူအဖွဲ့စည်း တစ်ခုလုံး ဖြစ်နေခဲ့ရင်
ကျနော်တို့ ဘာတတ်နိုင်မလဲ။
အဲ့တာကို အရွဲ့တိုက်ရမှာလား ၊ ဘာသိဘာသာ နေသွားရမှာလား ။
ကျနော်တို့ မြန်မာလူမျိုးတွေမှာလဲ ဒီလို ဓလေ့
ထုံးတမ်းတွေရှိတယ် ။ မှန်တယ် ၊ မှားတယ်
မစဉ်းစားတော့ဘူး ။ အရင်ကလုပ်ခဲ့တယ်
ဆိုတာနဲ့ မျက်လုံးမှိတ်ပြီး လိုက်လုပ်ကြ တာပဲ။
ကျေးလတ် ဒေသက တစ်ချို့လူကြီး
ဆိုတဲ့သူ တွေ ပိုဆိုးတယ် ။
" ဓလေ့ထုံးတမ်းဆိုတာ မှန်မှန် ၊ မှားမှား
အများသဘောတူရင် ဖြစ်စတမ်း " ။
မအိမ်ကံဟာလဲ သူနဲ့ ဘာမှ မဆိုင်တဲ့အရာ
တစ်ခုအတွက်နဲ့ သူတစ်ဘ၀လုံး စွဲလမ်းခဲ့ရတဲ့
အရာကို လက်လွှတ်ခဲ့ရသူတစ်ယောက် ။
မအိမ်ကံဟာ ချောတယ် ၊လှတယ် ၊ ချမ်းသာတယ် ၊ အကျင့် စာရိတ္တ ကောင်းတယ် ။ လူချစ်၊လူခင်‌ပေါ‌တယ် ။ မအိမ်ကံရဲ့ ဘ၀ ဟာ အပေါ်ယံ ကြည့်ရင် မိန်းကလေးတိုင်း အားကျ စရာ ဘ၀မျိုး ။
ဒါပေမဲ့...
မအိမ်ကံမှာ ငယ်ငယ်ထဲ ရူးသွပ် ခဲ့ရတဲ့
အရာတစ်ခုရှိတယ် ။ မအိမ်ကံ အတွက်တော့
ထိုအရာက သူ့ ဘ၀မှာ အရေးကြီးဆုံး ။
ထုံးစံအတိုင်းပဲ လောကကြီးက ဘ၀နဲ့ ရင်းပြီး
ရူးသွပ်ရတဲ့အရာဆိုရင်ဆို လွယ်လွယ်နဲ့ မပေးဘူး ။
လွယ်လွယ်နဲ့ မရရင်‌ ခက်ခက်ခဲခဲ ကြိုးစားပြီ
ယူရင်တော့ ရမှာပေါ့။ အဲ့ဒီလိုဆိုရင်
ဆိုရင် တရားပါ သေးတယ် ။
ဒီလိုမှ မဟုတ်ပဲလောကကြီးက
" မင်း ဖြစ်နေလို့ကို ဒါကို မပေးတာ "
ဆိုရင် ဘာတတ်နိုင်မလဲ ။
မအိမ်ကံ ဟာ ဒီလိုမတရားခံခဲ့ရတဲ့
သူတွေထဲက တစ်ယောက် ။
မအိမ်ကံ ရခဲ့တဲ့ စိတ်ချမ်းသာမှုတွေဟာ
သူရခဲ့တဲ့ စိတ်ဆင်းရဲ မှုတွေနဲ့ ယှဉ်လိုက်
ရင် ဘာမှ မဟုတ်တော့ဘူး ။ အင်္ဂလိပ် ခေတ်၊
ဂျပန် ခေတ် ၊ လွတ်လပ်ရေး ရပြီးခေတ်တွေမှာ
ကျေးတောသူ မအိမ်ကံတစ်ယောက်
လောကကြီးနဲ့ ဘယ်လို ဖတ်ပြိုင်
ခဲ့ရသလဲ ဆိုတာတွေကို နင့်နင့်နဲနဲ ဖတ်ရမှာပါ ။
မိန်းကလေးတွေဆိုရင် ပိုပြီး ဖတ်သင့်ပါတယ် ။
ဆရာမခင်ခင်ထူး ကိုယ်တိုင်ကလဲ ဒီစာအုပ်ကို ရေး
တာ ရှေးခေတ် မြန်မာ့အမျိုးသမီး တို့ရဲ့ ကိုယ့်ကျင့်
တရားနဲ့ အကျင့်စာရိတ္တ တို့ကို သိရှိစေချင် ၊
မြတ်နိုးတန်ဖိုးထားစေချင်လို့ လို့ ပြောထားပါတယ်။
နောက်ဆုံး
"မအိမ်ကံဟာ အနိုင်ယူခဲ့တာလား
ဒါမှ မဟုတ် အရှုံး ပေးခဲ့တာလား "
သေချာတာကတော့ နှစ်ခုလုံး အတိအကျ
မဟုတ်ဘူး။ အနိုင် ယူခဲ့တယ်ဆိုရင်လည်း အရှုံး
နည်းနည်း ပါသလို ၊ အရှုံးပေးခဲ့ တာဆိုရင်လဲ တစ်နည်းအားဖြင့် အနိုင်ယူခဲ့တာပဲ ။
Book review by - Ko Aung Soe Moe
🌿🌸
(လေးစာစွာ creditပေးပါသည်)
------------------------------
မအိမ်ကံ - ခင်ခင်ထူး
စာအုပ်တန်ဖိုး-9000ကျပ်
စာအုပ်ကို သဘောကျဖတ်ရှုလို၍မှာယူလိုပါက page cbတွင် စုံစမ်း မှာယူနိုင်ပါတယ်ရှင့် ❤

image