မင်းရတဲ့ဝင်ငွေအားလုံးကိုအစားအသောက်၊
အဖျော်ယမကာနဲ့ ပွဲလမ်းသဘင်တွေအတွက်သာ
သုံးနေရင် မင်းဟာ အနာဂါတ်ကို တည်ဆောက်နေတာ မဟုတ်ဘဲ နေစဉ် ရှင်သန်ရုံသာဖြစ်နေပါတယ်။
တချို့က "မနက်ဖြန် သေရင် ဘာမှ ယူမသွားနိုင်ဘူးလို့ပြောကြတယ်။တချို့ကလည်း "လက်ဗလာလာပြီး
လက်ဗလာပြန်သွားရတာပဲ" လို့ဆိုကြတယ်။
မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက တာဝန်မဲ့မှုအတွက် အကြောင်းပြချက် မဖြစ်သင့်ပါ။ ဒီနေ့ တာဝန်မဲ့တဲ့
ရွေးချယ်မှုတွေဟာ မနက်ဖြန် မင်းကို ဆိုးကျိုးပေးပါလိမ့်မယ်။
ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်ကို သတိရသေးလား။
ပုရွက်ဆိတ်က ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်ရင်း အလုပ်လုပ်နေတယ်။
နှံကောင်က ရယ်မောပြီး ပျော်ပွဲရွှင်ပွဲဆင်နွှဲကာ ပုရွက်ဆိတ်ကို လှောင်ပြောတယ်။
"ဘာလို့ ဒီလောက် အပင်ပန်းခံနေတာလဲ၊ မနက်ဖြန် သေမှာပဲ" ဆောင်းရာသီရောက်တော့ နှံကောင်မှာ စားစရာမရှိ၊ နေစရာမရှိ ဖြစ်ခဲ့တယ်။
သူက ပုရွက်ဆိတ်ဆီ အကူအညီတောင်းတယ်။ ပုရွက်ဆိတ်က ပြန်ပြောတယ်၊ "မနေ့ကပဲ
မင်း ငါ့ကို လှောင်ခဲ့တာမဟုတ်လား။
ဘဝဟာတိုတို
လေးမို့ အလုပ်လုပ်တာ အဓိပ္ပါယ်မရှိဘူးလို့ ပြောခဲ့တယ်မဟုတ်လား။
ဘဝမှာ မင်းရွေးချယ်နိုင်တယ်။
နှံကောင်လို အခုပဲပျော်မလား။
သို့မဟုတ် ပုရွက်ဆိတ်လို ရေရှည်တည်တံမယ့်အရာကို တည်ဆောက်မလား။
မင်းအနာဂတ်အကြောင်း စဉ်းစားပါ။ မင်းမိသားစုအကြောင်း စဉ်းစားပါ။ မင်းဟာ အမြဲတမ်း ဒီလိုသန်စွမ်းနေမှာ မဟုတ်ပါ။ မင်းဟာ အမြဲတမ်း ဒီလို အခွင့်အလမ်းတွေ ရနေမှာ မဟုတ်ပါ။
မင်း အိုမင်းလာတဲ့အခါ ဘယ်လိုနေချင်သလဲ။
ဒါဟာ ကံကြောင့် မဟုတ်ပါ။
ဒါဟာ ရွေးချယ်မှုတွေကြောင့်ပါ။
ဒီနေ့ မင်းလုပ်တဲ့အရာတွေက မနက်ဖြန် မင်းဘယ်လိုလူဖြစ်လာမလဲဆိုတာကို ပုံဖော်ပါတယ်။