2 ပတ် - ဘာသာပြန်ပါ။

#နံက်ခင်းစာ မြေအိုးမြီးရှည် ပြုလုပ်နည်း😋😋
ပါ၀င်သောပစ္စည်းများ
=============
၁။ ကြက်သား - ရင်အုပ် တခြမ်း နှင့် လည်ချောင်းရိုး ၂ ခု
၂။ ကြက်အူချောင်း - ၁ ချောင်း
၃။ ငုံးဥ - ၄ လုံး
၄။ ကိုက်လန် - ၁ ချောင်း
၅။ ပါးပါးလှီးထားသော မုန်လာဥနီ - အနည်းငယ်
၆။ မုန်ညှင်းဖြူ - အနည်းငယ်
၇။ ပန်းမုန်လာ - အနည်းငယ်
၈။ အစိမှးေ၇ာငပှနှးမုနလှာ - အနညှးငယှ
၉။ ကျောက်ပွင့် - အနည်းငယ်
၁၀။ ကြွက်နားရွက် (ကျောက်ပွင့်အမည်း) - အနည်းငယ်
၁၁။ အသားတု - ၂လုံး
၁၂။ မြီးရှည်အခြောက်ဖတ် - လက်တဆုပ်စာ
၁၃။ အဖြူရောင် အပြားခေါက်ဆွဲဖတ် - ၄ ပြား (မထည့်လဲရ)
၁၄။ ပဲပြားခြောက် - အနည်းငယ်
၁၅။ ပဲပြား - အတုံးသေး ၄ တုံး (ပုံထဲမှာမပါ။)
၁၆။ ဆား - အနည်းငယ်
၁၇။ အချိုမှုန့်(သို့) သကြား - အနည်းငယ်
၁၈။ ပဲငပိ အစပ် - ထမင်းစားဇွန်း ၂ ဇွန်း
၁၉။ မုန်ညှင်းချဉ် (သို့) ရှမ်းချဉ် - ထမင်းစားဇွန်း ၂ ဇွန်း
၂၀။ ဟွာကျောင်းအမှုန့်- အနည်းငယ် (မရှိရင်မထည့်လဲရပါတယ်။ ထည့်ရင်အနံ ့ပိုမွှေးပါတယ်။)
၂၁။ ငရုတ်ကောင်း - အနည်းငယ်
ပြုလုပ်နည်း
=======
၁။ ကြက်ရင်အုပ် နှင့် လည်ချောင်းရိုးများကို ဆား၊အချိုမှုန့် (သို့) သကြား အနည်းငယ်ထည့် ရေ ၄ ခွက်ထည့်ရ်ျ မိနစ် ၂၀ ခန့်ပြုတ်ပါ။
၂။ ပြီးလျှင် ရင်အုပ်မှ အသားများကို နွှာရ်ျ အတုံးအသေးလေးတွေတုံးထားပါ။ ရငျအုပျမှအ၇ိုးကို ကြက်ပြုတ်ရည်အိုးထဲထည့်ပြီး မီးအေးအေးဖြင့် ဆက်တည်ထားပါ။ ကြက်ပြုတ်ရည်အိုးတွင် ရေနည်းသွားလျှင် ရေပြန်ပြန်ဖြည့်ပေးပါ။
၃။ မြီးရှည်အခြောက်ဖတ်၊ ပဲပြားခြောက်၊ ကျောက်ပွင့်၊ ကြွက်နားရွက်၊ အသားတုတို့ကို အနည်းဆုံး ၁ နာရီ ခန့်ရေစိမ်ထားပါ။
၄။ အသီးအရွက်များကို ကြိုက်နှစ်သက်ရာအရွယ်လှီးထားပါ။ မုန်ညှင်းချဉ်ကို အတုံးအသေးလေးတွေလှီးထားပါ။
၅။ မြေအိုးမြီးရှည်ပြင်ဆင်နည်း
- မြေအိုးကို မီးဖိုပေါ်တင်ရ်ျ အပူပေးပါ။ ပဲငပိအစပ်ကို ထည့်ပါ။ ထို့နောက် အတုံးအသေးလေးတွေတုံးထားသော ကြက်သားကို ထည့်ပြီး ပဲငပိနှင့် သမအောင်မွှေပါ။ ပြီးလျှင် မုန်ညှင်းချဉ်ကိုထည့်ပါ။
- ထို့နောက် ကြက်ပြုတ်ရည်ကို မြေအိုးရဲ ့တ ၀ကျကြောျကြောျလောကျ အထိထည့်ပါ။ ဟွာကျောင်းနှင့် ငရုတ်ကောင်းမှုန့်ကိုထည့်ပါ။ ရေစိမ်ထားသော အရာများကို ထည့်ပြုတ်ပါ။ ၂ မိနစ်ခန့်အဖုံးအုပ်ထားပါ။
- ပြီးလျှင် ပဲပြား၊ လှီးထားသော အသီးအ၇ှကျမြား၊ ငုံးဥတို့ကို ထည့်ရ်ျ နောက်ထပ် ၂ မိနစ်ခန့်အဖုံးအုပ်ထားပါ။
၆။ ထို့နောက်မီးဖိုပေါ်မှချရ်ျ ပူပူနွေးနွေး မြေအိုးမြီးရှည်ကို သုံးဆောင်နိုင်ပါပြီ။
#crd
ဟင်းချက်နည်းအသစ်တွေ လေ့လာဖို့
Pageကိုlike & followလုပ်ထားနော်

image