1 ပတ် - ဘာသာပြန်ပါ။

ကလောဈေးနေ့ ( 24.08.2025 ) ❣️
ဒီနေ့ ကလောမြို့ရဲ့ အထူးဟင်းလျာက မှို နဲ့ ပတ်သက်မယ်ထင်တယ် ။ မှိုတွေလေ တအားပေါတာပဲ အမျိုးအစား အစုံပဲ ။ အမည်တွေ ကျွန်မ မသိလို့သာ ။ နယ်ခံတွေတော်တော်ဝယ်ကြတယ် ။ လတ်လတ်ဆတ်ဆတ် စွတ်ထားတဲ့ပုံ ။ ချက်နည်း နဲ့ အမည် တွေ ရှာကြည့်ပြီး နောက်တစ်ခေါက်တွေ့ရင်တော့ ဝယ်ပြီး ချက်စားဦးမယ်။
ရှေ့တစ်ခေါက် ဈေးနေ့တွေမှာ ဓညင်းသီး အကြီးကြီးတွေ အရမ်းပေါပေမဲ့ ဒီနေ့တော့ အသေးလေးတွေပဲတွေ့တယ် ။ 10 လုံးမှ 800 ပဲ လတ်ဆက်မှာတော့မပူနဲ့ အခွံရှေ့တင်ချွတ်ပြီးရောင်းတာ ။ မချွတ်ပဲနဲ့ ယူရင် ပိုအထားခံတယ် ။ ငရုတ်သီးစိမ်းတွေလဲ နို့ဆီတဗူး မှ 500 ပဲ ပေးရတယ်။ ‌ဂေါ်ဖီထုပ် က 500 ။ ပန်းဂေါ်ဖီဆိုလဲ အသေးဆို 500 ၊ အလတ် 1000 ၊ အကြီးမှ 1500 ပဲ လတ်ဆတ်ပြီး ကိုင်ကြည့်ရင်ကို နူးနူးညံ့ညံ့ အိအိလေး ။ အကုန်ဈေးချိုပါတယ် ။
မြို့ပြမှာမွန်းကျပ်ရင် ကလောကို 10 ရက် လောက် လာပြီး ရာသီဥတု အေးအေးလေးမှာ လတ်ဆတ်တဲ့ အသီးအနှံ ၊ အသီးအရွက်တွေ ချက်ပြုတ်စားသောက်ပြီး အနားယူလှည့်ပါ 😘
#kalaw
#nature
#myanmar
#travelphotography

image