2 ပတ် - ဘာသာပြန်ပါ။

နာမည်ကြားလိုက်ရုံနဲ့ လူကြီး၊ လူငယ်၊ လူရွယ်မရွေး ကြိုက်နှစ်သစ်ကြပြီး ငယ်ဘဝတွေရဲ့အမှတ်တရတွေထဲ က တစ်ခုဖြစ်တဲ့ Pokemonတွေရဲ့ ပထမဆုံးရုပ်ရှင်လို့ ပြောလို့ရတဲ့
Mewtwo Strike Back (1998) ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့ လူသားတွေဟာ Pokemon လောကရဲ့ အရှားပါးဆုံးဖြစ်တဲ့Mew ရဲ့ DNA ကနေ Mewtwo ဆိုတဲ့ Pokemon တစ်ကောင်ကို ဓာတ်ခွဲခန်းထဲမှာစမ်းသပ်ဖန်တီးခဲ့ပါတယ်။ Mewtwo ဟာ သူမွေးဖွားလာရတဲ့ ရည်ရွယ်ချက်ကိုလိုက်ရှာရင်းသူ့ဘဝရဲ့ပန်းတိုင်အစစ်ကို ဘယ်လိုရှာဖွေတွေ့ရှိသွားမလဲဆိုတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။Pokemon Franchise တွေရဲ့ MC ဖြစ်တဲ့ Ash နဲ့ သူငယ်ချင်းတွေရဲ့ ခရီးအစကိုလည်းမြင်တွေ့ရမှာဖြစ်ပြီး အချစ်တော်လေး Pikachu နဲ့အတူ စွန့်စားခန်းခရီးတွေကိုလည်းကြည့်ရှုရမှာမို့လို့ ငယ်ဘဝဆီကို တစ်ဖန်ပြန်လည်သွားလိုက်ကြရအောင်ဗျာ။

image