မိုးတွင်းမို့ Forest View ကိုညဘက်မတည်းစေချင်ပါဖူး အကောင်တွေရှိပါတယ် Day လောက်ပဲ သွားဖို့အားပေးချင်ပါတယ်
ဒါMy day တင်ထားတာလေးအရမ်းလှတာပဲဘယ်နေရာလဲမေးနေကြတာတွေများလွန်းလို့ Review လေးနဲ့ post sharing လုပ်ပေးချင်ပါတယ်Dar ကbloggerလဲမဟုတ်ပါဖူးကိုယ့်ပိုက်ဆံနဲ့ကိုယ်သွားတည်းရတာဖစ်ပီးကိုယ့်ရဲ့တကယ့်Tripလေးကိုအမှန်တိုင်းဒဲ့လေးပဲရေးပေးထားပါတယ်
ဒီပတ်ပိတ်ရက်လေး သူငယ်ချင်းလေးနဲ့ ပဲခူးအဝင်နားလေးက Breeze garden သို့ Nigh staycation လေးထွက်ဖစ်ပါတယ်
သူငယ်ချင်းကလဲမိုးတွင်းသွားမှစိမ်းစိုပီးလှတာဆိုလို့ရန်ကုန်ကနေ ၁နာရီကျော်လေးမောင်းပီးထွက်ခဲ့ကြတယ် တကယ်လဲလှပါတယ်နေရာလေးကမိုးတွင်းဆိုတော့ လမ်းကလဲမြေနီမို့ရွှံ့တွေတော့ရှိပါတယ် ခြံထဲမယ်လဲအပင်လေးတွေနဲ့စိမ်းစိုပီးတကယ်အေးအေးချမ်းချမ်းလေးပါ
အခန်းလေးကတော့ပုံထဲကအတိုင်း View လေးလဲလှနေချင်စရာလေးပါ တောထဲမှာပင်မဲ့ Air con လေးလဲတပ်ပေးထားပါတယ် အခန်းခ 15% Discount ရှိလို့ တစ်ည ကို 80000 တန်ကို 68000ks နဲ့ရခဲ့ပါတယ် Breakfast ၂မျိုးကျွေးပါတယ် ကြာဇံကြော် ထမင်းကြော် ရောက်တဲ့နေ့ကတော့ တောချက်လေးစားချင်လို့ နေ့လည်စာကိုကြက်ဘူးသီးကာလသားဟင်းစားခဲ့ပါတယ် ကောင်းပါတယ်
အခန်း- ဓနိမိုးထားတာဆိုတော့မိုးတွင်းမို့
ခေါင်မိုးပေါ်တည့်တည့်ကနေ အိပ်ယာပေါ်ကိုပိုးအမဲလုံးလေးတွေဖွေးနေအောင်ကျပါတယ် စိတ်အနှောက်ယှက်တော့ဖစ်ရပါတယ်(နွေ၊ဆောင်းဆိုမရှိဖူးပြောတယ် )AC ဖွင့်ထားလို့ခြင်မကိုက်ဖူးထင်တာ ခြင်ကိုက်ပါတယ် ခြင်တွေရှိပါတယ် ( ဆိုဂျူသောက်လိုက်ခြင်ရိုက်လိုက်ပေါ့🤭) ပင့်ကူအကြီးတွေလဲရှိပါတယ် 😂မိုးတွင်းဆိုတော့အကောင်ပလောင်လေးတွေရှိပါတယ် ရေချိုးခန်းရေဗန်းမရပါ ဇလားပေးထားပါတယ်အက်ဒါနဲ့ချိုးလို့ရပါတယ် တောထဲဆိုတော့အက်ဒါလဲအဆင်ပြေပါတယ်
ကိုယ်တွေနေတဲ့နေရာက တောအုပ်ရှိတဲ့နားဆိုတော့ညဘက်ဆိုပိုးကောင်အော်သံလေးတွေနဲ့ဆူညံနေရော အပင်တွေစိမ်းစိုအုံ့ဆိုင်းပီးတော့သဘာဝဆန်ဆန်လေးပေါ့ ကိုယ်ကတော့ တစ်ညလုံးအိပ်မပျော်ပါဖူး ကွကိုယ်လျှောက်တွေးပီး သရဲကြောက်နေလို့မိုးလင်းခါနီးမှ
အိပ်ပျော်တာ ( တကယ်တော့သရဲလဲခြောက်မခံရပါဖူး )
မနက်ရောက်တော့ကိုယ့်သူငယိချင်းမျက်လုံးကိုအကောင်ကိုက်ခံရလို့ ယောင်ဖူးပီးနီရဲတယ် ပါး ၂ဖက်မှာလဲ အကောင်လေးတွေ ရှပ်ပြေးထားတဲ့ဒဏ် အလားဂျစ်လေးပြင်လိုက်ဖစ်လာရတယ် ကိုယ်ကတော့ဘားမှမဖစ်ဖူး … တည်းတဲ့နေရာကြောင့်ပဲထင်ပါတယ်အဲ့နေ့ကလူတွေအများကြီးပဲလာကြတယ် လာတည်းတဲ့သူတွေတော့ဘားမှမဖစ်ကြဖူးထင်ပါတယ် ကျမသူငယ်ချင်းလေးပဲကံဆိုးသွားတာမျက်နှာမှာပိုးအကောင်လေးတွေကြောင့်ခရီးကအပြန်တန်းပီးဆေးခန်းပြေး ဆေးထိုးရ ဆေးလိမ်းရနဲ့ပါ (ခုထိလဲမသက်သာသေးဖူး )
-သတိထားစရာမိုးတွင်းသွားမယ်ဒီ Forest view မှာတည်းမယ်ဆိုရင် ခြင်ထောင်တောင်းပါ (ကိုယ်တွေကတောင်းလို့ရမှန်းမသိခဲ့လို့ဒီတိုင်းအိပ်ခဲ့တာပါ အဲ့တော့ခြင်မောင်း အကောင်ပလောင်လေးတွေမောင်းရင်းညအိပ်လို့မရခဲ့ 😂)
-ညအိပ်တဲ့ခါ မီးဖွင့်အိပ်ပါ မျက်နှာပေါ်ပင့်ကူဘာညာတက်လာတာရှိမှာဆိုးလို့ပါ
-လိမ်းစရာဆေးဘာညာလိုရမယိရယူလာပါ
ဒါမဲ့တောအုပ်လေးဆိုတော့ဓာတ်ဖမ်းရင်စိမ်းစိုပီးမိုးတွင်းမို့ မိုးအေးအေးလေးနဲ့အရမ်းလှပါတယ် အကောင့်ထဲလဲကိုယိပုံလေးတွေတင်ထားပါတယ်
အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်🩷— at Breeze garden.


