2 ပတ် - ဘာသာပြန်ပါ။

ဂဏန်းမဆလာချက်

ဂဏန်းကို သေချာဆေးကြောသန့်စင်ပါ။ (ဂဏန်းဆေးရင် သွားတိုက်တံတချောင်းနဲ့ သေချာနေရာအနှံ့တိုက်ဆေးသင့်ပါတယ်) ဂဏန်းကိုသန့်စင်ပြီး အရသာအတွက် ဆား၊အရသာမှုန့်၊ဂျင်းအရည်ညစ်ပြီးအရသာဝင်အောင်နှပ်ထားပေးပါတယ်။

စပါးလင်တစ်ချောင်းထုထည့်၊ကြက်သွန်ဖြူနီနဲ့ ခရမ်းချဉ်သီးထည့် ဆီသတ်။ရပြီဆိုရင် ငရုတ်သီးအစိမ်းမှုန့်ထည့်ပေးပါတယ်။ ဂဏန်းထည့်ပြီး မဆလာနဲ့ မန်ကျည်းရည်ထည့်ပြီး ရေအနည်းငယ်ထည့်တည်ပေးပြီး အဖုံးအုပ်တည်ပေးပါတယ်။ ရေသိပ်မကျန်ဘဲ ဆူပွက်လာရင် အရသာလဲရှိ မွှေးလဲမွှေးတဲ့ ဂဏန်းမဆလာချက်လေး ရပါပြီ😊။
ရပြီဆိုလျှင်၊ နံနံor ရှမ်းနံနံ၊ ကြက်သွန်မြိတ် ကိုယ်ကြိုက်တဲ့အရွက်တစ်ခုခုအုပ်ပြီး သုံးဆောင်လို့ရပါပြီရှင့်။

image