2 ပတ် - ဘာသာပြန်ပါ။

ရခိုင်မုန့်တီ အာပူလျှာပူ အလွယ်ကူဆုံး ချက်နည်း......။
ငါးရွှေခြောက်အလွယ်တကူ ဝယ်လို့မရတဲ့ နေရာတွေအတွက် လွယ်လွယ်ကူကူ ငါးကြင်းနဲ့ချက်လို့ရမယ့် နည်းကို ရေးပေးလိုက်တယ်နော်။
ငါးကြင်းတုံးကို ဆနွင်း၊ ဆား၊ အရသာမှုန့်နယ်ပြီး မီးအေးအေးဖြင့် ငါးကိုကင်ပေးပါ။ အသားကျက်ရုံ ၁၀မိနစ်ခန့် ကင်ပြီးနောက် အအေးခံကာ အသားများနွှင်ပေးထားပါ။
ကြက်သွန်ဖြူ၊ ငရုတ်ကောင်း ထောင်းထားပေးပါ။
ကိုယ်စားနိုင်မယ့် ရေပမာဏအား အိုးထဲသို့ထည့်ပါ။
စိမ်းစားငပိ ထောင်းထားသောအရာများနှင့် ငါးအသားများ၊ ဆား၊ အချိုမှုန့် ထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ပေးပါ။
ဒါဆိုရင် ရခိုင်မုန့်တီ အာပူလျှာပူဟင်းရည် ရပါပြီး......။
မန်ကျည်းသီးအနှစ်အား ရေဖျော်ထားပေးပါ။
ကြက်သွန်ဖြူဆီချက် ချက်ထားပေးပါ။
ငရုတ်သီးအားပြုတ်ပြီး ထောင်းထားပေးပါ။
ပြီးမှ မုန့်တီဟင်းရည်အနည်းငယ်ထည့်ပြီး ငရုတ်သီးအရည်ဖျော်ထားပေးပါ။
နံနံပင် ပါးပါးလှီးထားပါ။
ပြီးနောက် မုန့်ဖတ်၊ ငါးဖယ်ကြော်၊ ပဲကြော်၊ ပဲသွေးတို့ဖြင့် တွဲဖက်စားသုံးလို့ ရပါပြီး.........။ 😋

image