2 ပတ် - ဘာသာပြန်ပါ။

ချစ်ခြင်းတရားကို မရှာတော့တဲ့အခါ
ချစ်ခြင်းတရားကို ရလာတယ် ။

ပျော်ရွှင်ခြင်းကို မရှာတော့တဲ့အခါ
ပျော်ရွှင်ခြင်းကို ရလာတယ် ။

ဘဝရဲ့အဓိပ္ပာယ်ကို မရှာတော့တဲ့အခါ
ဘဝရဲ့အဓိပ္ပာယ်ကို ရလာတယ် ။

ဘာလို့လဲဆိုရင်
ဒီအရာအားလုံးဟာ
ငါတို့ဆီမှာပဲ ရှိနေခဲ့လို့ပါ။

ငါတို့တွေဟာ
ရှာရင်းဝေးနေကြတဲ့...
အိမ်ပြန်ရင်း
လမ်းပျောက်နေကြတဲ့သူတွေပါပဲ ။

တကယ်တော့
ချစ်ခြင်းတရား ၊ ပျော်ရွှင်ခြင်း ၊
ဘဝရဲ့အဓိပ္ပာယ်တွေဟာ
လက်ရှိအချိန်မှာပဲ ရှိနေပါတယ် ။

ငါတို့ တစ်ခုတည်းသော လုပ်ရမှာက
ရှာနေတာကို ရပ်လိုက်ဖို့ပါပဲ ။

#drpyaesonekoko
#note_pages