🐾 တိလေးတွေရဲ့ ၀မ်းချုပ်ပြဿနာ
➡️ တိလေးတွေ ၀မ်းချုပ်ရတဲ့ အဓိကအကြောင်းအရင်းတွေကတော့
- အမျှင်ဓာတ်ချိူ့တဲ့တာ၊
- ရေဓာတ်နည်းပါးတာ၊
- အစာမကြေတဲ့အရာတွေ စားမိတာ၊
- အူလမ်းကြောင်းဆိုင်ရာပြဿနာများ၊
- စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ဖြစ်ပါတယ်။
➡️ ဒါကြောင့် အိမ်ကတိတွေ၀မ်းမှန်စေဖို့ဆိုရင်
- အမျှင်ဓာတ်ပါတဲ့ အစားအစာတွေပုံမှန်ကျွေးပေးပါ။
- ရေများများတိုက်ပေးပါ။
- အစာကြေလွယ်တဲ့ အစားအစာမျိုး များများကျွေးပေးပါ။
- ကျန်းမာရေးစစ်ဆေးမှု ပုံမှန်လုပ် ပေးပါ။ မူမမှန်တာရှိရင် ဆေးကုသမှုပေးပါ။
- ပျော်ရွှင်အောင် အတူဆော့တာ၊ ကစားတာမျိုးလေးတွေ လုပ်ပေးပါ။
