ပိုမိုအားကောင်းလာသည့် "ကာဂျီကီ"မုန်တိုင်း
တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း "ကာဂျီကီ"သည် ခန့်မှန်းထားသည်ထက် ပိုမိုအားကောင်းလာသည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။
ထို့ကြောင့် မိုးရေချိန်ပိုများနိုင်ကာ တိုင်းနှင့်ပြည်နယ်အားလုံးတွင် မိုးကြီးနိုင်မည်ဖြစ်ပြီး မုန်တိုင်းအကြွင်းအကျန်ဖြတ်သန်းမည့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နည်(မြောက်ပိုင်း)တို့တွင် မိုးပိုများနိုင်ကြောင်း သိရသည်။
ထို့အတူ တိုင်းနှင့်ပြည်နယ်အနှံ့တွင်လည်း ယနေ့ သြဂုတ် ၂၄ ရက်မှစ၍ သြဂုတ်လကုန်အထိ ဘင်္ဂလားပင်လယ်တွင် မုတ်သုံလေအားကောင်းနေခြင်း၊ မုန်တိုင်းမှလွင့်လာမည့်တိမ်တိုက်များကြောင့် မိုးကြီးနိုင်ကြောင်း သိရသည်။
