2 ပတ် - ဘာသာပြန်ပါ။

အောင်ဘာလေထီကို ကျပ်သိန်းတသောင်းအထိ တိုးမြှင့်ဖွင့်လှစ်ပေးဖို့ ထီလုပ်ငန်းရှင်‌တွေ တင်ပြထား
ဩဂုတ် ၂၅- ၂၀၂၅

အောင်ဘာလေထီဆုကိုကျပ်သိန်းတသောင်းအထိတိုးမြှင့်ဖွင့်လှစ်ပေးဖို့ထီလုပ်ငန်း ရှင်‌တွေဘက်က တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။
အခုလိုတင်ပြတောင်းဆိုရတာဟာ အောင်ဘာ လေထီရောင်းအားတွေတိုးတက်လာစေဖို့ဖြစ်ပြီး ဆုကြီးတွေနဲ့ ဆုကြေးတွေကိုပိုမိုတိုးမြှင့်ဖွင့်လှစ်ပေးပါက အစိုးရထီကို ထိုးနှံသူတွေယခင်ထက်ပိုမိုများပြားလာစေဖို့ဖြစ်တယ်လို့ ထီလုပ်ငန်းရှင်တွေက ပြောပါတယ်။
"အခုလရောင်းအားက အရင်လကထက်ပိုပိုတက်လာတယ်။အရင်ကမရောင်းရတဲ့ဆိုင်တွေတောင်ရောင်းလာရတယ်။အောင်ဘာ လေထီလက်မှတ်ရော Digital ဂဏန်း ၅ လုံးဖွင့်လှစ်တဲ့ အောင်ဘာလေအွန်လိုင်းထီရော နှစ်ခုလုံးရောင်းအား တက်လာပါတယ်။၅၀ ရာခိုင်နှုန်းလောက်အထိ ရောင်းအားပြန်တက်လာတယ်။၂၀၂၁ နဲ့ယှဉ်ရင် အခုထီရောင်းအားတွေတိုးလာတယ်။အခုအမြင့်ဆုံးဆုက ကျပ်သိန်း ၅၀၀၀ ပါ။ကျွန်တော်တို့ကျပ်သိန်းတသောင်းတော့မကြာခင်မှာဖြစ်နိုင်မယ်။ဒါကိုကျွန်တော်တို့တင်ပြထားတာတောင်းဆိုထားတာလည်းရှိပါတယ်။ထီရောင်းအားတွေတိုးလာရင် အက္ခရာတွေတိုးလာမယ်၊ဆု ကြေးတွေလည်းတိုးလာမယ့်သ ဘောပါ"လို့ ပြည် တွင်းရှိ ထီလုပ် ငန်းရှင်တယောက်က VOM ကို ပြောပြပါတယ်။
အောင်ဘာလေထီဟာမြန်မာနိုင်ငံမှာလစဉ်ရောင်းချဖွင့်လှစ်ပေးနေသောအစိုးရတရားဝင်ထီအစီအစဉ်ဖြစ်ပါတယ်။
အောင်ဘာလေထီကိုစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာလက်အောက်ရှိပြည်တွင်းအခွန်များဦးစီးဌာနက လစဉ်ဖွင့်လှစ်ပေးနေခြင်းလည်းဖြစ်ပါတယ်။
လက်ရှိကာလမှာတော့လစဉ်ဖွင့်လှစ်ပေးနေတာက ထီလက်မှတ်စနစ်ရောင်းရတဲ့အောင် ဘာလေသိန်းဆုထီဖွင့်ပွဲနဲ့ တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်ပေးနေတဲ့ အောင်ဘာလေအွန်လိုင်းထီဆိုပြီးပုံမှန်ဖွင့်လှစ်ပေးနေတာဖြစ်တယ်လို့ထီလုပ်ငန်းရှင်တွေက ပြောပါတယ်။
"လက်မှတ်နဲ့ရောင်းချတဲ့ ကျပ်သိန်းငါးထောင်ထီဆုကြီးနဲ့ အခြားဆုမဲတွေကိုတော့လစဉ်တရက်နေ့တိုင်းပုံမှန်ဖွင့်လှစ်ပေးတယ်။အောင်ဘာ လေ Digital အွန်လိုင်းထီကတော့ တလကိုနှစ်ကြိမ်ဖွင့်လှစ်ပေးပါတယ်။လဆန်းပိုင်းတခါရယ် ၁၆ ရက်နေ့တခါပါ။ထီဖွင့်ပွဲတွေကိုလည်း ရန်ကုန်မြို့မှာရှိတဲ့ အောင်ဘာ လေသိန်းဆုဌာနမှာမည်သူမဆိုလာရောက် လေ့လာလို့ရပါတယ်"လို့ သူက ဆက်ပြီး ပြောပြခဲ့ပါတယ်။
ဒါအပြင် ပြည်တွင်းမှာ လက်ရှိရောင်းချနေရတဲ့ အောင်ဘာလေထီရောင်းအားနဲ့ ပတ်သက်လို့လည်း ထီလုပ်ငန်းရှင်တွေက VOM ကိုအခုလို ဆက်ပြီး ပြောပြပါတယ်။
"အောင်ဘာလေထီရဲ့သဘောသ ဘာဝက သူကရောင်းအားတက်လာသည်နဲ့အမျှထီဖွင့်လှစ်ပေးတဲ့ပုံစံတွေကလည်းပြောင်းလာတယ်လေ။အရင်လကအက္ခရာ ၉ လုံးအထိရောင်းချခဲ့ရတယ်။နောက်လဆို အက္ခရာ ၁ဝ လုံးအထိဖြစ်လာမယ်။ရောင်းအားကောင်းလို့အက္ခရာတိုးလာရင်ဆုမဲအကြီးတွေအမြင့်ပိုင်းဆုတွေလည်းတိုးလာမယ်။လက်ရှိရောင်းအားကိုပြောရရင်ထီလက် မှတ်တွေကလဝက်လောက်ဆို ကျွန်တော်တို့ ဖြန့်ချိရေးကိုယ် စားလှယ်တွေဆီမှာကုန်သွားပြီ။လစဉ် ၁၀ ရက်မတိုင်ခင်ဆိုရင်ဖြန့်လို့ကုန်သွားတယ်။အခုဆိုအရင်က လုံးလုံးမရောင်းရတဲ့ မြန်မာပြည်အထက် ပိုင်းတွေမှာကစ ပြန်ရောင်းလာရတယ်"လို့ ထီလုပ်ငန်းရှင်တယောက်က ထပ်လောင်း ပြောပြပါတယ်။
ဒါအပြင် ထီရောင်းအားပေါ်မူတည်ပြီးတော့လည်းအောင်ဘာလေသိန်းဆုဌာနဘက်ကဆုငွေတွေကိုတိုးမြှင့်ချီးမြှင့်ပေးနေသလိုပြီးခဲ့တဲ့လတွေကထီဖွင့်ပွဲတွေမှာလည်းဆုတွေကို တိုးမြှင့်ဖွင့်လှစ်ပေးခဲ့တယ်လို့ထီလောကအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
Photo - CJ

image