2 ပတ် - ဘာသာပြန်ပါ။

မကြာခင်ပြီးစီးတော့မည့် ရန်ကုန် - ဒလမြစ်ကူးတံတား

ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန် - ဒလမြစ်ကူးတံတား တည်ဆောက်မှုပြီးစီးတော့မည်ဖြစ်သည်။

အဆိုပါတံတားကို၂၀၁၉ ခုနှစ်၊ မေလတွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးလမ်းအပြင် ကမ်းနားလမ်းဘက်တွင်လည်း အတက်အဆင်းတဖက်စီ သတ်မှတ်ထားပြီး လူသွားလမ်းလည်း ပါရှိသည်။

ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံမှချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာဘက်က သန်း ၃၀ ကျော် ထည့်ဝင်ထားပြီး စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်း သတ်မှတ်ထားကြောင်း၊ တံတားခံနိုင်ဝန် ယာဉ်တစီးကို ၇၅ တန် သယ်ယူခွင့် သတ်မှတ်ထားကြောင်း သိရသည်။

ပုံစာ - ရန်ကုန်မြစ်ကူး ဒလတံတားကို ရန်ကုန်ဘက်ခြမ်းမှ ဩဂုတ် ၂၄ တွင် တွေ့မြင်ရစဥ်

image
image
image