တပြည်သူမရွှေထား - တက္ကသိုလ်ဘုန်းနိုင်🌿
''စာအုပ်ဖတ်တဲ့ အချိန်မှာ
စာအုပ်ပါအကြောင်းအရာတွေနဲ့ အပြင်မှာ
ကိုယ်ဖြစ်နေတဲ့ အကြောင်းအရာတွေက ထပ်တူကြနေတာလောက် ဆွေးစရာကောင်းတာ
ဝမ်းနည်းစရာကောင်းတာ မရှိဘူးဗျာ ...
သာမန်စာအုပ်တွေထက် ခံစာမှုရသ က
Double ဖြစ်နေတာမျိူးဗျာ သိပ်ကို ကြေကွဲရတယ်''
''ဆုံမှတ်မရှိသော မျဥ်းပြိုင်နှစ်ကြောင်းသည်
ဘယ်နေရာတွင်မှ ဆုံမည်မဟုတ်
အနီးဆုံးနေရာမှာ ရှိသော်ငြားလည်း
အဆုံးသတ်မှာ ဆုံစည်းနိုင်ခွင့်မရှိ
ဆုံးစည်းခဲ့သည်ရှိသော် ထိုအရာကို
မျဥ်းပြိုင်ဟု မခေါ်ရက်ပေ ''
သားသမီးတစ်ယောက်ရဲ့ တာဝန်ကို မယူနိုင်ရင်
ကလေးမမွေးနဲ့ ဆိုတဲ့ ဆိုရိုးစကားကို လက်ခံကြရင်
ချစ်သူတစ်ယောက်ရဲ့ တာဝန်ကိုမယူနိုင်ရင်
ချစ်သူမထားနဲ့ ဆိုတဲ့ ဆိုရိုးကိုရော
လက်ခံနိုင်ကြမလားဗျာ ...
မည်သို့ပင် အချစ်မှာ
မျက်စိမရှိဘူးလို့ ဆိုကြပါစေ တကယ့်အချစ်မှာ မျက်စိရော ဦးနှောက်ရောရှိပါတယ်။
အခြေအနေဘဝခြင်းမတူတဲ့ relationship တစ်ခုမှာ
မလိုလားအပ်တဲ့ ပြသနာတွေ ခံစားမှုတွေက သာမန် rs တွေထက်ပိုရှိမှာပါ။
မပြည့်စုံတဲ့ သူက မပြည့်စုံတဲ့ အလျောက်
သိမ်ငယ်ရမယ်။
ပြည့်စုံတဲ့သူက ပြည့်စုံတဲ့သူအလျောက်
ဖြည့်စည်းပေးမယ်
ဒီခြားထဲမှာ gap ဖြစ်သွားတဲ့ ပြသနာလေးတွေက
အပြင်မှာတကယ်ရှိပါတယ်ဗျာ...။
''လူတိုင်းကတော့ ကိုယ်ချစ်တဲ့ သူတွေကို
အကောင်းဆုံးဆိုတဲ့ အရာတွေကို
လုပ်ပေးချင်ကြတာပါဘဲ
physically အရရော
mentally အရရောပါ ဖြည့်စည်းပေးချင်ကြတာပါ
သို့ပေမယ့် မဖြည့်စည်းပေးနိုင်တဲ့အခါမှာ
အားငယ်မှု သိမ်ငယ်မှုက တော့
လူတိုင်းမှာ ရှိစမြဲပါ။
ဒီစာအုပ်လေးဟာ
မတူညီတဲ့ အလွှာနှစ်ခုပေါ်မှာရှိတဲ့
ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို
ဇာတ်အိမ်တည်ပြီး ရေးထားတဲ့ စာအုပ်
ဖြစ်ပါတယ် ။ ဒါအပြင် မြန်မာပြည်ရဲ့ လွတ်လပ်ရေးမရေခင်
နိုင်ငံရေးအခြေနေတွေနဲ့ လူတွေ
ဘယ်လိုလုပ်ကိုင်ရှာဖွေစားသောက်ရပုံတွေကိုလည်း မြင်တွေ့ရမယ့် စာအုပ်ဖြစ်ပါတယ်။
ဒါတွေသာမ မြန်မာ့တေးဂီတ သီချင်းကြီးတွေနဲ့
တေးထပ်တွေ ပတ်ပျိူးတွေရဲ့ အကြောင်းကိုပါ
သိရှိရဦးမယ့် စာအုပ်တစ်အုပ်ဆိုလည်းမမှားပါဘူးဗျာ။
ဒီစာအုပ်လေးကို ဖတ်ပြီးတဲ့အချိန်မှာ
သိပ်ကိုဆွေးတာပဲ
မိုးအေးအေးလေးနဲ့ စာအုပ်ရဲ့
အဆွေးဓာတ် လွမ်းဆွတ်မှု
ဝမ်းနည်းမှု ရသတွေပေါင်းလိုက်တော့
အင်မတန်မှ super ကို ဆွေးရတဲ့
စာအုပ်တစ်အုပ်ပါပဲဗျာ။
အခုလိုအချိန်ကာလမှာ သွားဖတ်မိတဲ့အခါကျတော့
အရင်ခေတ်က လူတွေရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြားမှာ ရှင်သန်လာခဲ့ရတဲ့ဘဝတွေကို
လုံးဝ နားလည်ပေးနိုင်သလို
ကိုယ်ချင်းလည်းစာပေးနိုင်တယ်
ဒါက လည်း သိပ်ကို ဝမ်းနည်းဖို့ကောင်းတယ်။
အတက်နိုင်ဆုံး spoiler မလုပ်ထားတာမို့
မဖတ်ရသေးတဲ့ သူတွေရှိရင်လည်း
ဖတ်ဖို့အကြံပြုချင်ပါတယ်ဗျာ
ဖတ်ပြီးတဲ့သူတွေရှိရင်လည်း
အမြင်လေးတွေကို လာရောက်
ဆွေးနွေးလို့ရပါတယ်ဗျာ
ps ဒါလေးကတော့ အတွေးအမြင်လေးပေါ့ဗျာ
ဒီစာအုပ်ကို ဖတ်နေတဲ့ အချိန်
တွေးရတယ် ဆွေးရတယ် လွမ်းရတယ်ဆိုပေမယ့်
စာအုပ်ထဲမှာရှိတဲ့ ဇာတ်ကောင်တစ်ကောင်ကြောင့်
အဲ့ဒီအလွမ်းဓာတ်လေးတွေ အဆွေးဓာတ်လေးတွေကို မပြင်းထန် ခဲ့ရဘူး ...
အဲ့ဒီဇာတ်ကောင်လေးကို လည်း
သိပ်ကျေးဇူးတင်တာပဲ
မဟုတ်ရင် ရှယ်ဆွေးနေရမှာဗျာ.....
Review by- Ko Nyein Maung
📖✍(ခွင့်ပြုချက်ယူပြီး)🌿
“မောင့် ... ထားသခင်
မြစိမ်းရှင်ထံ
မကြင်သူအား
ကြင်မိမှားမို့
သနားခွင့်ထူး
မပန်ဖူးပါ
နွေဦးအတိတ်
ချစ်နိမိတ်ဟု
ဖိုလ်ဟိတ်ထင်မှတ်
သည်လွမ်းဇာတ်ကား
ထုပ္ပတ်စတင်
ဦးမှာပင်က
သက်ငယ်ရွက်တို့ ကြွေသောလ .. “🥀🍂
မြတ်သော ဆွေလည်းမရှိ၊ မျိုးလည်းမရှိ ၊ မြတ်သော ဘာမှမရှိသည့် "မြတ်ဆွေ" ။
သူ့တွင် မာနရှိသည်၊ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားချင်စိတ်ရှိသည်၊ ဂီတကိုချစ်စိတ်ရှိသည်၊ သဘာဝကိုချစ်စိတ်ရှိသည်၊ ထားကိုချစ်သည်
Credit

