3 ပတ် - ဘာသာပြန်ပါ။

ပျော်ရမယ်ထင်ပြီး ရွေးခဲ့တာပါပဲ ....
သူနဲ့အတူရှိရင် ပျော်ရမှာဆိုတဲ့ ယုံကြည်မှုလေးနဲ့ ဒီလက်ကို ဆွဲခဲ့တာပါ အချစ်ခံရလိမ့်မယ်ဆိုတဲ့ မျော်လင့်ချက်လေးနဲ့ပဲ သူ့အနားနေဖို့တွေးခဲ့တာပါ ။
ခက်ခဲတော့လဲ အတူတူ အဆင်ပြေရင်လဲ အတူတူပေါ့ဆိုတဲ့ ခံယူချက်လေးက ကိုယ့်ဘက်မှာထားခဲ့သလို သူ့စိတ်ထဲမှာလဲ ရှိနေခဲ့လိမ့်မယ်လို့ ထင်ခဲ့မိတာ။
ငိုစေလိမ့်မယ် နာကျင်စေလိမ့်မယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ ဒါပေမယ့် အခုမှတော့ ကိုယ်ချစ်မိပြီးသွားပြီလေ ။ ငိုစေတဲ့အခါတွေ အများကြီးရှိလာရင်တောင် ပျော်စေခဲ့တဲ့ တစ်ခါလေးကို ပြန်တွေးရင်း ​ဖြေသိမ့်ရတယ် ။
ငါချစ်တာကို သူသိလာမှာပါ ဒါမှမဟုတ် ဟိုအရင်ကလို သူပြန်ချစ်လာမှာဆိုတဲ့ မသေချာတဲ့ မျှော်လင့်ချက်လေးတွေ ဆက်ထားပြီး ဆက်နာကျင်ရတယ် ။
တကယ်ဆိုရင်လေ... ဒီလက်လေးကို စပြီးတွဲတုန်းက နွေးထွေးပေးနိုင်မယ်ထင်လို့ ပျော်စေမယ်လို့ တစ်ထစ်ချကြီး ယုံကြည်ခဲ့မိလို့ ဆွဲခဲ့မိတာပါ ။
ခုတော့... ချစ်မိသွားပြီးမှတော့ ငိုစေပေမယ့်လို့ လွှတ်မချရက်ခဲ့ဘူး ။
#ကျေးကို

image