ဤဘဒ္ဒကမ္ဘာလောကမှာ ကမ္ဘာဦးအစကတည်းက ဆင့်ကဲပြောင်းလဲခြင်းတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်..
လူသားတွေ ပြောင်းလဲလာတယ်...မြစ်ချောင်းအင်းအိုင်တွေ ပြောင်းလဲလာခဲ့တယ်..နိုင်ငံတွေ ဖြစ်ပေါ်လာတယ်
လူ့စိတ်သဘောထားတွေ ပြောင်းလဲလာတယ်...
ဒီထဲမွာမွ မပြောင်းလဲဘဲ တည်မြဲနေတာဆိုလို အချစ်စစ်ပဲရှိပါတယ်...
ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ကစ္စနဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့
အချစ်စစ်တိုသက်သေထူရာကို ဖေါ်ပြထားတဲ့ ကားလေးပါ..
၁၉၄၇ခုနှစ် အစောပိုင်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးမရခင် ဗြိတိသျှတို အိန္ဒိယမြေပေါ် အုပ်စိုးခဲ့စဉ်က...။
ကစ္စန..ကက်သရင်း..လက်ရှမီးဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖေါ်ကျူးရိုက်ကူးထားပါတယ်...
ဒီကားလေးဟာ သိပ်ကိုနူးညံ့လွန်းတယ်..
ရင်ထဲလည်း ပီတိဖြစ်ရပါတယ်
အိန္ဒိယကို လွတ်လပ်ရေးပေးဖို ကြေညာလိုက်တော့ နိုင်ငံတွင်း ဗြိတိသျှအရာရှိတွေကို အင်္ဂလန်အမီ ပြန်ခိုင်းတယ်..
ဒီထဲမွာ ကက်သရင်းရဲ့အဖေနဲ့ အေမဟာ အသတ်ခံလိုက်ရပါတယ်
တစ်ဦးတည်းကျန်ခဲ့တဲ့ သူငယ်ချင်းမလေး ကက်သရင်းကို အိန္ဒိယသားလေး ကစ္စနက ဘေးမသီရန်မခဘဲ ဘေးကင်းရာကို ပိုပေးရမှာပါ...
ကိုယ့်မိသားစုက သူ့မိဘတွေကို ရန်သူလို သတ်မှတ်ပြီး လိုက်သတ်နေတဲ့ကြားထဲက မိသားစုနဲ့ အတိုက်အခံလုပ်ပြီး
ကက်သရင်းကို ကယ်တင်ရင်းနဲ့....။
ပိုင်ဆိုင်ရမှ အချစ်မဟုတ်ပါဘူး
ခွဲခွာခြင်းဟာလည်း အချစ်ရဲ့တစ်စိတ်တစ်ဒေသပါပဲ
တစ်ခါတလေကျရင် စွန့်လွှတ်ခြင်းက အချစ်ကို ပိုလိုတိုးလာစေပါတယ်
အချစ်မှာ ကောင်းခြင်းတွေရတတ်သလို
ခွဲခွါခြင်းမှာလည်း ကောင်းခြင်းတွေ ရတတ်ပါတယ်
အချစ်ဆိုတာက အတူတူနေရဖိုပဲမှ
မဟုတ်တာ..
