ထိုင်း ဘုရင့်တော်ဝင်နန်းတော်ကြေညာချက်အမှတ် (၅) - ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်
မင်းသမီး ဘာဂျရာကစ်တီယာဘာ၏ ကျန်းမာရေးအခြေအနေ
၂၀၂၅ ခုနှစ်ဩဂုတ်လ ၉ ရက်နေ့က သွေးကြောပိုးဝင်မှုပြင်းထန်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက်၊ မင်းသမီး ဘာဂျရာကစ်တီယာဘာ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ -
ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၏ အစီရင်ခံစာအရ ပြင်းထန်သောပိုးဝင်မှုကို ဆက်လက်ကုသပေးနေသော်လည်း လက်ရှိတွင် မင်းသမီး၏သွေးပေါင်ချိန်သည် ကျဆင်းနေပါသည်။ ဆရာဝန်များသည် သွေးကုသဆေးများ ပဋိဇီဝဆေးများ ပေးနေပြီး ကျောက်ကပ်ဆေးစက်နှင့် အသက်ရှူစက်များကို အသုံးပြု၍ ကုသပေးနေပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် အနီးကပ်စောင့်ကြည့်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။
#crd