3 ပတ် - ဘာသာပြန်ပါ။

ထိုင်းဘတ်ငွေ တန်ဖိုးဟာ ငွေလဲစျေးကွက်မှာ ဩဂုတ် ၂၀ ရက်ကစပြီး တဖြည်းဖြည်းချင်း ကျဆင်းလာလို့ မြန်မာငွေလဲနှုန်း အနည်းငယ်မြင့်တက်လာပြီး ကျပ်ငွေ တန်ဖိုးမာလာတယ်လို့ ငွေကြေးလဲလှယ်သူ ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဩဂုတ် ၁၉ ရက်မှာ မြန်မာကျပ်ငွေ တစ်သိန်းဖိုးကို ထိုင်းငွေ ၇၃၂ ဘတ်ပဲ ပေးခဲ့ရာကနေ တာကနေ ဩဂုတ် ၂၀ မှာတော့ ၇၃၄ ဘတ်၊ ၇၃၅ ဘတ်၊ ၇၃၇ ဘတ်အထိ ပေးရပြီး အချိန်နဲ့အမျှ ငွေလဲနှုန်းပြောင်းနေတယ်လို့ ဝန်ဆောင်မှု ပေးနေသူအချို့က ပြောပါတယ်။
ဒီနေ့ ညနေပိုင်းမှာ မြန်မာငွေ တစ်သိန်းအတွက် ထိုင်းဘတ်ငွေ ၇၅၅-၇၆၀ ဘတ်ကြားအထိ စျေးပေါက်နေတယ်လို့လည်း ဘတ်-ကျပ် လဲပေးနေသူတစ်ဦးက ပြောပါတယ်။
#crd #ထိုင်းဘတ်ငွေဈေး #မြန်မာငွေဈေး

image