🥰 ပိတ်ရက်လေး .. ရန်ကုန်နဲ့ နီးနီးနားနား
သူငယ်ချင်းတွေနဲ့ 🥂 Chill ဖို့ ဒီလိုမျိုးလေး Camping ထွက်ကြရအောင်.. �..
🔺ကျနော်တို့က ပိတ်ရက်လေး
ဘယ်ကိုသွားကြမလဲဆိုပြီး အစီစဉ်ဆွဲကြတော့ TikTok မှာ နာမည်ကြီးတဲ့ ရန်ကုန်နဲ့မဝေးတဲ့ … ဒီနေရာမှာ Camping ⛺️ ထွက်ဖြစ်ခဲ့ကြတာဗျ ။ လူက ၅ ယောက်ဆိုတော့ Extra Bed တစ်လုံးပေါင်းမှ ၂ သိန်း + ၂၅၀၀၀ ကျပ်ဘဲ ကျခဲ့တာပါ ၊၊ �
⛺️နေရာအမည်က Zalataw Glamping ပါ ၊၊
ဒီနေရာလေးမှာ ဘယ်လိုမျိုး Activities တွေ လုပ်လို့ရလဲ... ?� 🏊 ရေကူးကြမယ် / Zip – Line တွေစီးမယ် / လှေစီး မယ် / Floating Bridge Activites တွေ Join မယ် ၊၊ ပြီးတော့ သဘာ၀ဆန်ဆန် Cliambing Frame တွေ ကစားမယ် Rainbow Slide တွေလျော့စီးကြမယ် ၊၊
😍 မြေနီလမ်းလေးမှာ စက်ဘီးတွေပတ်စီးမယ် ... ပျော်ရွှင်စရာကစားနည်းတွေကတော့ အစုံပါဘဲ ၊၊
� ဒီနေရာလေးကို ၂ နာရီဘဲ ကားမောင်းရတာမို့ ညမအိပ်ဘဲ Day Trip သွားချင်တဲ့သူများအတွက်ဆိုရင် စောစောသွားရင် နေ့ခြင်းပြန်သွားလို့တောင်ရတယ် ၊၊ ကျနော်တို့ ညအိပ်နေကြတော့ ၀င်ကြေးတွေ Activites fee တွေပေးစရာမလိုတော့ဘဲ အကုန် Join ခဲ့ကြတာ .. ပျော်စရာကြီး
⛺️ Camping မှာ Guiter လေးတွေတီးပြီး သီချင်းတွေဆိုကြ / BBQ တွေလုပ်စားကြနဲ့ တကယ်ကို ပျော်စရာကြီး ။ View လေးကလည်း ပုံမှာမြင်ရတဲ့အတိုင်းလှတယ် ၊၊
❤️ Wifi တော့မရဘူး / သွားရင် တစ်ဘက်လေးယူသွားဖို့တော့ လိုမယ် ...
“ ❤️လုံး၀အရေးကြီးဆုံးကတော့ ညနေပိုင်းသူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ ယူသွားဖို့ လိုအပ်တာကတော့ စစ်မြင်းပါဘဲ ။ သူငယ်ချင်းတွေကြားထဲ ပျော်ရွှင်စရာလေးတွေဖန်တီးဖို့ စစ်မြင်းက မပါမဖြစ်မလား ..
🍷 War Horse စစ်မြင်းက ဆိုဂျုးးက အသီးအနံ့လေးတွေနဲ့ မွှေးတဲ့အပြင် အရသာကလည်း အရမ်းမပြင်းပဲ မိန်းကလေးတွေပါ သောက်လို့အဆင်ပြေတာမို့ အဖွဲ့ထဲမှာ မိန်းကလေးတွေလည်း ပါတော့ မပါမဖြစ်ဖြစ်သွားတာ ။။ စစ်မြင်းမှာက ရွှေးချယ်စရာ အရသာ ၄ မျိုးတောင်ရှိတယ် ၊၊
� “ 🥳 New Year ဘဲဖြစ်ဖြစ် ပိတ်ရက်လေးမှာ သူငယ်ချင်းတွေနဲ့ Camping ထွက်ရင် BBQ လုပ်စားဖို့ဘဲဖြစ်ဖြစ် သောက်စရာအနေနဲ့ဘဲဖြစ်ဖြစ် စစ်မြင်းလေးပါသွားရင်တော့ ပိုပြီး ပြည့်စုံတာပေါ့နော် ..
ဒီ Camping ကို သွားမယ်ဆိုရင် ..
လုံး၀သတိထားရမယ့်အချက်ကတော့ �🗺️ Google Map နဲ့သွားရင် လမ်းမမှန်ပါဘူးနော် ၊၊ ကားသွားမရတဲ့ လမ်းကိုရောက်သွားပါလိမ့်မယ် ၊၊
ဘယ်လိုသွားရမလဲ... ?
🚘 “ ရန်ကုန်ကနေ ပဲခူးကို သွားတဲ့ လမ်းအတိုင်းသွားပြီး ပဲခူး တက္ကသိုလ်ကျော် စစ်သူကြီး ရုပ်ထုရောက်ရင် ဘယ်ကွေ့လာပြီး မြို့ရှောင်လမ်းအတိုင်း မောင်းလာပါ ၊၊
ပြီးရင် မြို့ရှောင်လမ်းနဲ့ ဆည်မြောင်းလမ်းဆုံရောက်တဲ့အခါ ဘယ်ဘက် မြေနီလမ်းချိုးပြီး Zalataw ဆိုတဲ့ လမ်းညွန်ဆိုင်းဘုတ်အတိုင်း လိုက်လာရင် ရောက်ပါတယ် ၊၊
“ 🔺 အခုပိတ်ရက်မှာ မိသားစုတွေ / သူငယ်ချင်းမိတ်ဆွေတွေ ရန်ကုန်ကနေ အဝေးကြီးမသွားနိုင်တဲ့လူများအတွက် သွားရောက်လည်ပတ်ဖို့ နေရာကောင်းလေးကို လမ်းညွန်ဖေါ်ပြပေးလိုက်ပါတယ်နော် ....
( ကျနော်တို့ သွားခဲ့စဉ်က ပုံလေးတွေကို တစ်ပုံခြင်းစီ ဝင်ကြည့်သွားပေးပါဦးနော် ..
❤️နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေ
#foodinyangon ❤️
( ရန်ကုန်မြို့စားသောက်ဆိုင်လမ်းညွန် )
