9 ပတ် - ဘာသာပြန်ပါ။

သတိဆိုသည့်ဓမ္မစေတီ
နေ့တိုင်းနေ့တိုင်း ကိုယ့်အိမ်မှာနေရင်းနဲ့လည်းပဲ ဓမ္မစေတီတည်ဆောက်လို့ရတယ် ကရုဏာနဲ့လုပ်နေတာ။ ကိုယ်က ပိုက်ဆံရှိလို့ သုံးနိုင်တယ်၊ ဒီရေသုံးနိုင်တယ် သွားတိုက်ရင် ရေဖွင့်ထားတယ်၊ တခါတည်း သွားတိုက်ရင်း ရေကကျနေတယ်။ မသုံးနိုင်တဲ့ပုဂ္ဂိုလ်အတွက်က ဒီရေသိပ်မရှိတော့ဘူး၊ ဒီမှာ များများသုံးလိုက်ရင် ဟိုဘက်မှာ နည်းသွားမှာပေါ့ ရေက အကန့်အသတ်ရှိတယ်။
စီးပွားရေးပညာရဲ့အခြေခံ သီအိုရီက ဘာတုန်းဆိုရင် Scarcity ပစ္စည်းဥစ္စာတွေက အရင်းအနှစ်တွေက Scarce ဖြစ်တယ် ရှားပါးတယ်။ အကန့်အသတ်ရှိတယ်။ အဲ့ဒီအကန့်အသတ်ရှိတာကို လူတိုင်းသုံးနိုင်အောင် စီမံခန့်ခွဲတဲ့ပညာ ဟုတ်တယ်မို့လား၊ သူက ကရုဏာအခြေခံတယ်တဲ့ပညာ။
အဲတော့ ❝ သတိနဲ့ကရုဏာ ❞ နဲ့ အခြေခံပြီးတော့ ကိုယ့်ရဲ့ဘဝကို နေထိုင်သွားမယ်ဆိုရင် တရားနာပရိတ်သတ်တို့ ကိုယ့်ရဲ့နေ့စဉ်ဘဝကို သွားလာလှုပ်ရှားနေရင်းနဲ့ပဲ နေရာတိုင်းမှာ နေရာတိုင်းမှာ အလုပ်မှာရော အိမ်မှာရော အလုပ်နဲ့အိမ် ကူးသန်းသွားလာတဲ့နေရာမှာရော အချိန်တိုင်းမှာ ဓမ္မစေတီတည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နိုင်တယ်။
အဲ့ဒီလို ဓမ္မစေတီတည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေများမှ ဒီနိုင်ငံ တကယ့်သာသနာထွန်းကားမှာပေါ့။ မြေပေါ်မှာပေါက်တဲ့စေတီ အိန္ဒိယနိုင်ငံမှာ မများဘူးလား အများကြီးပဲ သာသနာမကွယ်ခဲ့ဘူးလား။ ကွယ်ခဲ့တာပဲ။ အင်ဒိုနီးရှားနိုင်ငံမှာ စေတီတွေမများဘူးလား အများကြီးပဲ၊ ဒီလောက်နာမည်ကြီးတဲ့ Borobudur တချိန်တုန်းက၊ ဘယ်သူမှ မသိတော့ဘူး နောက်ပိုင်းမှ ပြန်တွေ့တာ။ ဘင်္ဂလားဒေ့ရှ်လို့ နိုင်ငံမျိုးမှာ စေတီတွေမရှိဘူးလား သာသနာ့တက္ကသိုလ်လဲ ရှိခဲ့တယ်။ နာမည်ကြီးတဲ့ တချို့ သာသနာ့တက္ကသိုလ်တွေ ဘဂ်လားဒေ့ရှ်မှာ ရှိတာ ဟုတ်တယ်မို့လား။
ဒါပေမဲ့ ကိုယ်တည်ထားကိုးကွယ်တဲ့စေတီက လူတိုင်းရဲ့နှလုံးသားထဲမှာ တည်ထားနိုင်မှ၊ မြေပေါ်မှာတည်ထားတဲ့ စေတီက စျေးကြီးတယ် လူတိုင်းမတည်နိုင်ဘူး။ ဘုန်းကံပါရမီရှိတဲ့ ဆရာတော်ကြီးတွေ ဦးဆောင်မှပဲ တည်နိုင်တဲ့ဟာ။ အဲတော့ စီးပွားရေးအရ နေရာတိုင်းမှာ မတည်နိုင်ဘူး။ တည်ပြီးတော့ မထိန်းသိမ်းနိုင်တဲ့ မမွမ်းမံနိုင်တဲ့ ပုဂံပဲကြည့် တခြားနေရာလည်းရှိတယ်။
ဒါဖြင့် စျေးနည်းနည်းနဲ့ စျေးသက်သက်သာသာနဲ့ အမြတ်အစွန်း ဘယ်လိုပြောမှာတုန်း minimum investment and maximum benefit အရင်းအနှီးမြှုပ်နှံမှုက နည်းနည်းလေးနဲ့ အမြတ်ကျ အများကြီးရတဲ့ဟာက ဓမ္မစေတီတည်ဆောက်တာ။
📌 အောက်စဖိုဒ့်ဆရာတော်ဒေါက်တာဓမ္မသာမိ
【သတိဆိုသည့်ဓမ္မစေတီတရားတော် (၆.၂.၂၀၁၈)】
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image