12 w - Translate

သေချာတာကတော့ ဒီရက်ပိုင်းတွေမှာ....
ကျွန်တော် မျှော်နေတာကို သိရင်ကော
ကျွန်တော့်ကိုပစ်ထားမှာလား...
ဒီရက်တွေမှာ
ရာသီဉတုက အေးနေတာလား
ဒါမှမဟုတ်
ကျွန်တော်တို့ဆက်ဆံရေးတွေက
ပိုအေးစက်နေတာလား..
မသဲကွဲတော့ဘူး....
သေချာတာကတော့
ဒီရက်တွေမှာ
လူကော စိတ်ကော
နေလို့ကောင်းမနေတာပဲ...
အရင်ကဆိုလေ
ပြီးတော့ အရင်ကလိုလေ ဆိုတဲ့
အိမ်မက်တွေချည်း
ခဏခဏ မက်သလို
ငါဘာများ မှားသွားခဲ့တာလဲ ဆိုပီး
မကြာခဏ တွေးနေမိတယ်

ကျွန်တော်မျှော်နေတာလေနော် ဆိုတဲ့စကားကို
မပြောဖြစ်ခဲ့ပေမယ်
သေချာပေါက်ကို
အဲ့ဒီ အခြေအနေမှာပဲ
ရှိချင်ခဲ့တာပါ........

ပြီးတော့...
စောင့်နေပါလို့ မပြောပဲလည်း
မျှော်နေခဲ့တာပါ...

ကျွန်တော်မျှော်နေတာကို
သိရင်ကော...
ကျွန်တော့်ကို
ဒီအတိုင်းပဲ ပစ်ထားဉီးမှာလား...ဟင်

ပို့နေတဲ့စာတွေ
ခေါ်နေတဲ့ဖုန်းတွေ
ပြီးတော့
မင်းနဲ့ပဲ ပျော်ချင်နေတဲ့စိတ်တွေကို
နည်းနည်းလေးတောင်
ပြန်ငဲ့ကြည့် မပေးချင်တော့ဘူးလား.....#

အောင်(စာတို)#@&