အာရှတွင် ယဉ်ကျေးမှုအကြွယ်ဝဆုံးနိုင်ငံအဖြစ် ထိုင်း ရပ်တည်
.............................................................
US News & World Report 2024 ရဲ့ အာရှရဲ့ ယဉ်ကျေးမှုအကြွယ်ဝဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းရဲ့ နံပါတ် ၁ နေရာမှာ ထိုင်းနိုင်ငံပါဝင်လာကြောင်း ဘန်ကောက်ပိုစ့်သတင်းက ဖော်ပြပါတယ်။
အကဲဖြတ်မှုဟာ ယဉ်ကျေးမှုဆိုင်ရာ အသုံးချနိုင်မှု၊ ကြွယ်ဝတဲ့ သမိုင်းအမွေအနှစ်၊ အစားအသောက်ပုံစံ၊ ယဉ်ကျေး မှုဆိုင်ရာ ဆွဲဆောင်မှုတွေနဲ့ ပထဝီဝင်ဆိုင်ရာ ဆွဲဆောင်မှု စတဲ့ စံနှုန်း ၅ ခုအပေါ်အခြေခံကာ အမှတ်ပေး ရွေးချယ် တာဖြစ်တယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံဟာ အာရှ နံပါတ် ၁ တင် မဟုတ်ဘဲ ကမ္ဘာပေါ်မှာ ယဉ်ကျေးမှုအကြွယ်ဝဆုံး နိုင်ငံများစာရင်းမှာလည်း အဆင့် ၈ နေရာက ပါဝင်နေပါတယ်။
အာရှမှာ ယဉ်ကျေးမှု အမွေအနှစ်အကြွယ်ဝဆုံး ထိပ်တန်းအဆင့် ၁၀ နိုင်ငံရဲ့ အစဉ်လိုက်စာရင်းကတော့ ၁-ထိုင်း၂-အိန္ဒိယ ၃-ဂျပန် ၄ - တရုတ် ၅ - အင်ဒိုနီးရှား ၆- ဗီယက်နမ် ၇ - မလေးရှား ၈ - တောင်ကိုရီးယား ၉-စင်ကာပူနဲ့
၁၀-ဖိလစ်ပိုင်တို့ ဖြစ်ပါတယ်။