ထိုင်းဘဏ်အကောင့်တွေကို ပိုက်ဆံအများကြီးပေးပြီး ဘာလို့ ဖွင့်ကြတာလဲ ပိုက်ဆံတွေ ထားစရာ မရှိအောင် များနေလို့လား မြန်မာကျပ်ငွေက ဖောင်းပွလို့လား ဘဏ်အကောင့်ရှိမှကို ဖြစ်မှာမို့လို့လား ☺️🇹🇭🇲🇲🙏
ဒီနေ့တော့ ဘဏ်နဲ့ပက်သက်ပြီး ပြောပြရမယ်ဆိုရင် ငွေလွဲတာ QR Scan ဒိုင်းမိုင်ချင်တာလား အဲ့လောက်ပဲဆိုပဲ ငွေအကုန်ကျမခံပါနဲ့ True Moneyအကောင့်လေးဖွင့် စက်ကနေ ပိုက်ဆံထည့်ပြီး QR Scan နဲ့ ငွေပေးလို့လဲ ရပါတယ်
ပိုက်ဆံအကုန်ကျခံပြီးဘဏ်ဖွင့်မဲ့အစားတော့ ED visa , Guardian Visa တို့ယူပြီးပဲ ဘဏ်အကောင့်ကို ဖွင့်တာ အကောင်းဆုံးပါ TR visa, DTV Visa အတွက် ဘဏ်အကောင့်မရပါဘူး Insurance ဝယ်ပြီး ဖွင့်လို့ ရတယ်ဆိုရင်လဲ စျေးကများ Sim Card တွေကလဲ သူများသုံးပြီးသား နံပါတ်တွေနဲ့ပဲ ဖွင့်ကြတဲ့အတွက် အကောင့်ကလဲ လုံခြုံမှု ရှိမနေတဲ့အပြင် အကောင့်ဖွင့်ခဲ့တဲ့သူက နိုင်ငံပြင်ရောက်နေရင် SIM card ကို ငွေမဖြည့်မိတဲ့အတွက် ဖုန်းနံပါတ်ကပါ တခြားသူ နာမည်တွေနဲ့ဖြစ်သွားတဲ့အတွက် အလုပ်တွေရှုပ်ရပါမယ် Long Term ဗီဇာပြနိုင်ပြီး ဘဏ်ဖွင့်တာတော့ ပိုအဆင်ပြေပါမယ် 🙏
နောက်ပြီးတော့ ဘယ်လိုလူတွေအတွက် မဖြစ်မနေ လိုအပ်လဲဆို Retirement Visa သမားတွေကတော့ ဘဏ်စာအုပ်ပြရတဲ့အတွက် အဲ့လိုလူတွေကတော့ ဘဏ်အကောင့်လိုအပ်ပါတယ်
ED , Guardian, Non O , Non B ဗီဇာတွေကတော့ ဖွင့်လို့ရတဲ့အတွက်အဆင်ပြေပါတယ် ပိုက်ဆံအများကြီး ကုန်ပြီး ဘဏ်အကောင့်ဖွင့်မရတာကတော့ DTV Visa ပါပဲ အဲ့တော့ ကိုယ်က ဘယ်အတွက် ဘဏ်အကောင့်လိုချင်တာလဲ ပေါ့နော် ပိုက်ဆံပေါလို့ ထည့်ထားချင်လို့ ဆိုရင်လဲ သေချာတဲ့ Long Term တစ်ခုခုကို ယူပြီး အလွယ်တကူ ကျောင်းထောက်ခံစာနဲ့ပဲ ဘဏ်ဖွင့်လိုက်ပါ အဆင်ပြေပါတယ် ဘဏ်ဖွင့်ခ တင် ကျောင်းတက်လို့ ရနေပါပြီ ကျောင်းဗီဇာနဲ့ ထိုင်းမှာ နေရရင်းနဲ့သာ ဘဏ်အကောင့်ဖွင့်လိုက်ပါ အကောင်းဆုံးနဲ့ အသက်သာဆုံး ရွေးချယ်မှု ဖြစ်တဲ့အပြင် ဘဏ်အကောင့်အတွက်နဲ့လဲ ပိုက်ဆံမကုန်တော့ဘူးနော် အားလုံးပဲ သာယာသောနေ့လေး ဖြစ်ကြပါစေ ☺️🇹🇭🇲🇲🙏
#crd #photo