17 နာရီ - ဘာသာပြန်ပါ။

#ငါးဖယ်ဟင်း
ငါးဖယ်ကို ဆား၊အချိုမှုန့်လေးထည့်ပါ။ဂျင်း၊ကြက်သွန်ဖြူကို ညက်ညက်လေးထောင်းပါ။
ပြီးရင် ငါးဖယ်ထည့်ထောင်းပါ။
ထောင်းပြီးကြိုက်သလို အလုံးလေးတွေ လုပ်ပြီး မကျက်တကျက်လေးကြော်လိုက်ပါ။
ကျက်စရာမလိုပါ။
ကြက်သွန်နီ၊ဖြူကို ထောက်းထားပါ။
ခရမ်းချဉ်သီးလေးကိုပါးပါးလှီး။ဆီအိုးတည်ပြီး ထောင်းထားတဲ့ကြက်သွန်နဲ့ ခရမ်းချဉ်သီးကိုထည့်ပါ။
ဆနွင်းမှုန့် အရောင်တင်မှုန့်ကိုထည့်ပြီး ခရမ်းချဉ်သီးတွေ ကြေအောင်ဆီသတ်ပါ။
ကြေသွားရင် ကြော်ထားတဲ့ငါးဖယ်ထည့်ပါ။ရေနဲနဲထည့်၊ငံပြာရည်၊အရသာမှုန့်ထည့်၊ငရုတ်သီးစိမ်း နံနံပင်လေးအုပ်ပြီး ဆီပြန်ရင် ကျက်ပါပြီ

image