Uranium-235 (U-235) ဆိုတာ ဘာလဲ။
Uranium-235 (U-235) ရဲ့ အက်တမ်နျူကလီးယပ် (nucleus) ထဲမှာ ပရိုတွန် ၉၂ လုံး နဲ့ နျူထရွန် ၁၄၃ လုံး ပါဝင်ပါတယ်။ ပရိုတွန်နဲ့ နျူထရွန် စုစုပေါင်းအရေအတွက်ဟာ ၂၃၅ ဖြစ်တဲ့အတွက် သူ့ကို Uranium-235 လို့ ခေါ်တာပါ။
Uranium -235 ကို neutron တစ်လုံးနဲ့ တိုက်ထုတ်ခွဲမယ်ဆိုရင် သူကနေ နောက်ထပ် atom နှစ်ခြမ်းနဲ့ neutron နှစ်လုံးပိုထွက်လာပါလိမ့်မယ်။ အဲ့ neutron နှစ်လုံးကနေနောက်ထပ် atom တွေကို ထပ်ခွဲရင် နောက်ထပ် neutron နှစ်လုံးဆီ ထပ်ထွက်လာဦးမှာပါ ဒီလိုနဲ့ ဆင့်ကဲဆင့်ကဲ တိုက်ခွဲမှုက E=mc² ညီမျှခြင်းအရ များပြားတဲ့ စွမ်းအင်ပမာဏထွက်လာတာဖြစ်ပါတယ်။ဒီလို လုပ်နိုင်တဲ့ ယူရေနီယမ် isotopes ကလည်း U-235 တစ်ခုတည်းသာရှိပါတယ်။
