3 ပတ် - ဘာသာပြန်ပါ။

Windows security Update သစ်မှာ Reset ပြဿနာတက်နေ
ဒီလထဲ ထုတ်ပေးတဲ့ Microsoft ရဲ့ Windows update patch တွေမှာ bug တွေ ပါလာခဲ့ပါတယ်။
ဒီရက်ပိုင်း တွေ့ခဲ့တဲ့ ပထမတစ်ခုက Windows 11 ရဲ့ KB5063878 ဆိုတဲ့ update မှာ heavy write လို့ ခေါ်ကြတဲ့ 50GB နဲ့အထက် ဖိုင်ဆိုဒ်အကြီးတွေ install လုပ်ရင်းနဲ့ SSD ပျက်နိုင်တဲ့ bug ပါလာတာပါ။ ဂျပန်က PC ဆင်တဲ့တစ်ယောက်တော့ Cyberpunk 2077 ဂိမ်းသွင်းရင်း drive ပျောက်သွားတယ်လို့ ပြောထားပါတယ်။
Microsoft က ဒီ bug ကို ဖြေရှင်းဖို့ လုပ်နေပါတယ်။ ဒီ bug နဲ့ မရှေးမနှောင်းဆိုသလိုပါပဲ။ အခုလ security patch သစ်မှာလည်း ပြဿနာတစ်ခု ပါလာပါတယ်။ ပြဿနာက Windows reset နဲ့ recovery error ပါ။ စက်ကို reset လုပ်လိုက်ရင် အထဲကဖိုင်တွေ မပျက်ဘဲ OS reinstall လုပ်တဲ့ recovery feature ကို နောက်ထပ် သုံးလို့ မရတော့တာပါ။
ဒီလ ၁၂ ရက်နေ့ကစပြီး တချို့ upgrade တွေမှာ 0x8007007F error code တက်ထားတယ်ဆိုတာကို Microsoft က သိပါတယ်။ ဒီ error က Windows ဗားရှင်း တော်တော်များများကို ထိပါတယ်။ Windows Server upgrades ၊ Windows 10 ဗားရှင်းတွေ နဲ့ Windows 11(23H2 နဲ့ 22H2) တွေအထိ ရောက်ခဲ့တာပါ။
Windows 11 24H2 နဲ့ Windows Server တွေတော့ ဒီ error မရှိဘူးလို့ ပြောပါတယ်။ Reset ပြဿနာရှင်းဖို့ အရေးပေါ် out-of-band update တစ်ခုတော့ ထွက်လာပါတယ်။ ဒီ patch က optional ပါ။ ဩဂုတ်လထွက် patch တင်ထားပြီး ကိုယ့်စက်မှာ ပြဿနာမတက်ရင် သွင်းစရာမလိုပါဘူး။
အကောင်းဆုံးက လောလောဆယ် Reset This PC သုံးတာမျိုး မလုပ်သေးဘဲ အရေးကြီး data တွေလည်း hard drive တို့ cloud တို့နဲ့ back up ယူထားသင့်ပါတယ်။

image