3 ပတ် - ဘာသာပြန်ပါ။

💥ရန်ကုန်မှာ 🏝️ငွေဆောင် ချောင်းသာ ချက်ပို့ လက်ရာ
စားချင်သူများအတွက် တောင်ဥက္ကလာက
ဆိုင်အသစ်လေး

👉 ဒီဆိုင်လေးက စိတ်ဝင်စားလို့ သွားစားကြည့်တာက
ငွေဆောင်ချောင်းသာ ချက်ပို့အရသာအတိုင်း စားရမယ်လို့ တင်ထားတာမို့ ရောက်သွားတာ ။
- စားကြည့်တော့လည်း တကယ် ချောင်းသာ/ ငွေဆောင်က ချက်ပို့ ရောင်းတဲ့လူတွေခေါ်ထားပြီး ရောင်းတာမို့ လက်ရာစစ်စစ်ကို စားခဲ့ရတယ် ။

ဆိုင်က အားနည်းချက် အားသာချက်လေးတွေတော့
ရှိတယ် ။ ကြိုက်တဲ့အချက်လေးတွေအရင်ပြောမယ်နော် …

1- ပင်လယ်စာတွေကလေ လတ်လတ်ဆတ်ဆတ်နဲ့
တော်တော်ကို စားလို့ကောင်းတယ် ။ စျေးနူန်းကလည်း အခုခေတ်အနေအထားနဲ့ဆိုရင် မဆိုးဘူး စျေးသင့်တယ်လို့ ပြောလို့ရတယ် ။

🥙 အသုပ်တွေ အထောင်းတွေဆိုရင် စျေးက 4000 ကျပ် လောက်က စပြီးရှိတယ် ~
ကျနော်ကတော့ ဆိုင်ရောက်ရင် အလကားကျွေးတဲ့ ပငိထောင်းလက်ရာကိုတော့ တော်တော်ကြိုက်ခဲ့တာ အမှန်ဘဲ ။

ဆိုင်က ပင်လယ်စာအစုံကို ချောင်းသာ ငွေဆောင် လက်ရာတွေအပြင် ယိုးဒယားစာ / တရုတ်အစားအစာလေးတွေနဲ့ တွဲပြီးရောင်းတာ ။ ယိုးဒယား အစားအစာကတော့ အရသာ နည်းနည်းလိုသေးတယ် ။

ကဲ့ ဒါဆို မဖြစ်မနေ စားကြည့်သင့်တာလေးတွေ ညွန်းပေးမယ်နော်
🌊 ဂုံးဗမာသုပ် - 12000 MMK
🌊ပင်လယ်စာအစုံထောင်း - 15,000 MMK
🦀 ဂဏန်းခွက်ကြော် - 20,000 MMK
🦐 ပုစွန်ကင် - 28,000 MMK ( ပွဲကြီး ) 13000 MMK ( ပွဲသေး )
🌊 ပင်လယ်စာအစုံကင်ဗန်း - 55,000 MMK ကတော့ Must ဘဲ

ပင်လယ်စာအစုံဗန်းက ၅၅၀၀၀ ကျပ်ဆိုပေမယ်
ပုံမှာပြထားတဲ့အတိုင်းပါတာ များတယ် ။ natural Taste ကို မပျောက်ဘဲ အရသာကောင်းအောင်ကင်ထားတာ ။
ချောင်းသာငွေဆောင်ရောက်တိုင်း စားနေကျ ဂဏန်းခွက်ကြော်ကလေ အထဲမှာ ဂဏန်းသားတွေများများနဲ့ကြော်ထားတာက တကယ်ကို ငွေဆောင် ချောင်းသာဘက်ရောက်ရင် စားနေကျ သဘာဝအရသာလေးအတိုင်း … လတ်လတ်ဆတ်ဆတ်နဲ့ ချိုချိုလေးဗျ …

🔥အကင်တွေဆိုရင်လည်း Seafood တွေရဲ့ သဘာဝအချိုအရသာလေးအတိုင်းကိုမှ မှာတဲ့အခါမှ မီးသွေးလေးနဲ့ သေသေချာချာလေးကင်ပေးတာတဲ့ဗျ ..

👉 ဒီဆိုင်မှာ Promotion အနေနဲ့တော့
August လအတွင်းသွားရင်တော့ birthday promotion အနေနဲ့ 💥 food only ကို 10 % Discount လေးရှိပါတယ် ~
(🚨 မွေးနေ့ရှင်ကတော့ မှတ်ပုံတင်လေး ယူသွားဖို့လည်း မမေ့နဲ့နော် )

ဒီဆိုင်မှာ juice တွေလည်း ရတဲ့အပြင် ကမ်းခြေရောက်မှ သောက်ရတတ်တဲ့ အုန်းရည်ချိုချိုလေးတွေလည်း သောက်လို့ရပါသေးတယ် ~
😋 ကျွန်တော်တို့ကတော့ ..အုန်းရည်သောက်ပြီးတဲ့အခါ အုန်းသီးကိုပါ ခွဲခိုင်းပြီး ဇွန်းခြစ်လေးလည်း စားခဲ့ပါသေးတယ် ~

👉 ဒီဆိုင်ကို ဘယ်လိုလူတွေ သွားသင့်လဲဆိုတော့ …
- ငွေဆောင်/ ချောင်းသာဘက်က အရသာနဲ့
- လတ်လတ်ဆတ်ဆတ် Seafood စားချင်တဲ့လူတွေ
ဒီဆိုင်ကို မဖြစ်မနေသွားကြည့်သင့်ပါတယ် ~

ကဲ …
🏝️ ကမ်းခြေကိုမသွားဘဲ ချောင်းသာငွေဆောင်က ချက်ပို့လက်ရာတွေစားချင်တဲ့ ကျွန်တော်လို ဘော်ဒါတွေအတွက် ဒီဆိုင်လေးကို လမ်းညွန်ပေးလိုက်ပါတယ်ခင်ဗျာ 🙏။

သွားမယ်ဆိုရင်တော့ …
🏝️ Name - 🌊Seafood House - ပင်လယ်စာစားသောက်ဆိုင်
📍Location - အမှတ် (၃၃၁) ၊ သစ္စာလမ်းမ ၊ စာတိုက်မှတ်တိုင်ရှေ့ ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ။
⏰ Open - 10:30 Am to 10 Pm
☎️ Phone - 09 785227785 ဖြစ်ပါတယ် ~

#foodinyangon ❤️
( ရန်ကုန်မြို့စားသောက်ဆိုင်လမ်းညွန် )

image