အနားယူခြင်း ( Savasana )

ယောဂကျင့်စဉ်မှာ နောက်ဆုံးအနားယူခြင်း ( Savasana ) ဟာ မလေ့ကျင့်လို့မရတဲ့ Yoga Pose တစ်ခုပါ ။ ယောဂကျင့်နေစဉ် တလျှောက်မှာ
အားထည့်ရတာတွေ ( Strength ) ရှိသလို / အကြောတွေဆွဲဆန့် ( Stretching ) တွေ လေ့ကျင့်ရတာလဲ ရှိပါတယ် ။ ယောဂကျင့်ချိန် အဆုံးသတ်မှာတော့ ခန္ဓာကိုယ်ကို အားထုတ်တာမျိုးတွေ မလုပ်တော့ဘဲ အပြည့်အဝ အနားယူဖို့ အရေးကြီးပါတယ် ( ယောဂကျင့်ချိန်ရဲ့ အရေးကြီးဆုံး အချိန်လို့ ပြောလဲရပါတယ် ) ။

ဘာကြောင့်လဲဆို
Savasana ဟာ ခန္ဓာကိုယ်ကို အနားပေးတာတင်မဟုတ်ဘဲ စိတ်ကိုပါ အပြည့်အဝအနားပေးခြင်းဖြစ်ပါတယ် ။

ခန္ဓာကိုယ်ကတော့ လဲလျောင်းနေတယ် ၊ စိတ်ကတော့ အတွေးတွေအကုန်စုပြုံပြီး တွေးနေမယ်ဆို အနားရမှာ မဟုတ်ပါဘူး ရှင် ။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်က ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီအပေါ် အာရုံပြုရင်း အပြည့်အဝအနားပေးမှ Mindful Relaxation ဖြစ်ပြီး စိတ်ရော ကိုယ်ပါ အနားရသွားမှာ ဖြစ်ပါတယ် ။

စိတ်ရော ကိုယ်ပါ အနားရ‌ကြပါစေ ရှင်

Credit

image