ရှမ်းပြည်နယ်တောင်ပိုင်း
အခုရက်ပိုင်းနာမည်ကြီးနေတဲ့
ပန်းတွေလှပစွာပွင့်တဲ့နေရာလေး🌸
နှစ်ပေါင်း မြှောက်များစွာမှ
တစ်ကြိမ်ပဲပွင့်ပြီး တစ်တောင်လုံး
လှပဝေဆာစွာဖူးပွင့်နေတဲ့ပန်း🌸
ပန်းခြံ အနီးနားရွာက လူတွေရဲ့
ပြောဆိုချက်အရ ၎င်းပန်းသည်
နှစ် ၁၀၀ ပြည့်မှတခါပွင့်သည်။
'နင်ꩻလုံဟွမ်'ပန်းခြံဟု ခေါ်ဝေါ်ကြသည်။
ဒီတောင်ကုန်းပေါ်မှာ ဒီတစ်ခါပဲ ပွင့်တာပါ
အရင်က အနီးနားတောင်ကုန်းတွေပေါ်မှာပဲပွင့်တာ ဒီနှစ်ကျ အဲတောင်ကုန်းပေါ်မှာ ထူးထူးဆန်းဆန်း လာပွင့်တယ်ဗျာ ။
'အသက် ၇၀ / ၈၀ မွိုးဖြားတို့ကိုမေးကြည့်လိုက်တော့သူတို့ဒီသက်ဒီအရွယ်ရှိနေပြီတခါမှမမြင်ဖူးဘူးတဲ့'
တချို့ နိုင်ငံခြားထွက်အလုပ်လုပ်တဲ့လူတွေတောင်မှ ပြန်လာပြီးသွားလည်ကျတယ်
သွားခူးကြတယ် တချို့က အိမ်ကိုသယ်လာပြီး
ပြန်စိုက်ကြတယ်။
၎င်းပန်းခြံသည် အပွင့်ပွင့်တာ ၅ရက် တစ်
ပတ်လောက်ပဲရှိသေးတယ်ဆိုပေမယ့်
နေ့စဥ်လူစည်ကားစွာ လာရောက်လည်ပတ်
လျှက်ရှိသည်။
တည်နေရာ📌
ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊ထမ်းစမ်းဂူအနီး
