21 နာရီ - ဘာသာပြန်ပါ။

#ဝက်လက်မျှဉ်ချဉ်ဟင်း ဆီပြန်အိအိလေး 🍖🍖🍖 😋
ထမင်းမြိန်မြိန်စားဖို့ဆိုရင်တော့ ဝက်လက်မျှစ်ချဉ်ဟင်းလေးနဲ့ဆို ဆွေမျိုးမေ့သွားမှာနော် ပါ၀င်ပစ္စည်းလေးတွေလည်း အများကကြီးမဟုတ်ဘူးဆိုတော့ အိမ်ရှင်မတွေ အလွယ်တကူချက်နိုင်အောင်လို့ ချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။
-နည်းလမ်းလေးကိုဖတ်ပြီး လိုအပ်တာတွေ အလွယ်တကူဝယ်ယူနိုင်အောင် ပုံလေးတွေကိုထောက်ပြီး Order တင်နိုင်ပါပြီ။
"ဝက်လက်မျှစ်ချဉ် ဆီပြန်အိအိလေး" ချက်နည်း
-ဝက်ခြေထောက်ကို ရေဆူအောင်တည် ပြီးသန့်ရှင်းပါမယ် ရေဆူလာရင် သွန်၍ ရေအေးအေးဖြင့်ဆေးပေးပါ။
-မျှစ်ချဉ် အနေတော်လေးများ လှီးထားပါ။
-ဆီသတ်ရန် ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ ခရမ်းချဉ်သီး
စတာတွေ လှီး။ ဆီအိုးတည်၍ ဆနွင်းမှုန့်ထည့်၊
-ဇီယာစေ့၊ မုံညှင်းစေ့ စတဲ့ နှစ်သက်ရာပစ္စည်းများထည့်နိုင်ပါတယ်။
-၃၀ စက္ကန့်လောက်နေရင် ဂျင်း၊ ကြက်သွန်ဖြူထည့်၍ မွှေးလာအောင်ချက်။ ပြီးရင် ကြက်သွန်နီ၊ ခရမ်းချဉ်သီးထည့်၊ ငရုပ်သီးအစိမ်းမှုန့်ထည့်ပြီး ဆီပြန်၍ အစိမ်းနံ့ပျောက်သည်အထိ ဆီသတ်။ ဆား၊ အချိုမှုန့်၊ သကြားထည့်။ သန့်ရှင်းထားတဲ့ ဝက်ခြေထောက်ထည့်၍နှံ့စပ်အောင်မွှေပေးပြီး ရေမြုပ်နေအောင်ထည့်တည်ပါ။
-အောက်မကပ်အောင် မကြာခဏ မွှေပေးပြီး မီးအေးအေးမှာ အဖုံးအုပ်၍ တည်ထားပါမယ်။
-ဝက်သား ၅၀% ကျက်ပြီဆိုလျှင် မျှစ်ချဉ်ထည့်၍ နူးအိနေတဲ့အထိချက်ပါမယ်။
-အပေါ့ အငံ အပျစ်အကျဲ ချိန်ဆ၍ ဆား၊ သကြား၊ ရေ
အလိုက်သင့် ထည့်ပေးပြီး အသား အပျော့ အမာ
မြည်းကြည့်ပြီး သုံးဆောင်နိုင်ပါတယ်။
#credit See less

#crd_to_owner_with_respect #fypシ゚viralシfypシ゚ #fypシ #foodie #foodblogger#fypage #foodloverbkk

image