Bedtime Yoga 🌙🌙
ယောဂကျင့်တယ်လို့ပြောလိုက်တာနဲ့ ကယ်လိုရီတွေလောင်ကျွမ်းစေတဲ့
Sun Salutation၊ ပျော့ပျောင်းကွေးညွတ်တဲ့ယောဂအကွက်များကိုပဲတွေးမြင်မိကြမှာပဲနော်။
တကယ်တမ်းတော့ ယောဂကျင့်စဉ်တွေဟာ
ခန္ဓာကိုယ်မှာ
တောင်းတင်းနေတဲ့အကြောအခြင်တွေကို
ပြေလျော့ပေးနိုင်ရုံသာမက စိတ်ပူပန်မူများ၊ စိတ်ဖိစီးမူများကို ထိရောက်စွာလျော့ပါးနိုင်စေပါတယ်။
အဲ့ထဲမှာ အိပ်ယာဝင်
ယောဂကျင့်စဥ်တွေဟာလဲ
တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်များအရ အိပ်ယာဝင်ခါနီး
ယောဂကျင့်ခြင်းအားဖြင့်
သင့်ရဲ့ ခန္ဓာကိုယ်မှာ
တနေ့တာ ခံစားနေရတဲ့
စိတ်သောကများကို မေ့ပျောက်စေနိုင်ပြီး တောင့်တင်းနေတဲ့
အကြောတွေကိုဖြေလျော့စေနိုင်တဲ့အတွက်
နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။🧘🏻🧘🏻
အိပ်ယာမဝင်ခင် relaxation yoga များကို လေ့ကျင့်ခြင်းအားဖြင့်
အောက်မှာဖော်ပြပေးတဲ့
အကျိုးကျေးဇူးများ ကို ရရှိစေပါတယ်။👇🏻👇🏻
(၁) စိုးရိမ်ပူပန်မှုတွေ /
စိတ်မတည်ငြိမ်မှုတွေကိုလျော့ချပေးပါတယ်။
တစ်နေ့တာ ဘယ်လောက်ပဲ စိတ်ဖိစီးနေပါစေ
သက်တောင့်သက်သာဖြစ်တဲ့ ယောဂကျင့်စဉ်တွေနဲ့
အသက်ရှု လေ့ကျင့်ခန်းတွေဟာ သင်ခံစားနေရတဲ့
Tension တွေကို လျော့ချပေးနိုင်ပါတယ်။🧘🏻🧘🏻
(၂) အိပ်ယာဝင်ခါနီး ကောင်းမွန်တဲ့
အလေ့အကျင့်လေးတစ်ခု ဖြစ်စေပါတယ်။
နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ဖို့
ကောင်းမွန်တဲ့
အကျင့်လေးတွေ ရှိဖို့လိုအပ်ပါတယ်။
ငြိမ်ချမ်းစေတဲ့ ယောဂ ကျင့်စဉ်တွေနဲ့
အသက်ရှုလေ့ကျင့်ခန်းတွေက သင့်ရဲ့
ခန္ဓာကိုယ်ကို ကောင်းစွာ အိပ်စက်အနားယူနိုင်ဖို့
အကျင့်ကောင်းလေးတွေကို ဖန်တီးပေးသွားမှာပါ.. ✔️✔️
(၃) သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။
အိပ်ယာမဝင်ခင်
သေချာလေးအကြောလျော့ပေးမယ် /
ဝင်လေထွက်လေမှာ အာရုံစိုက်ပြီး
အသက်ရှုပေးမယ်ဆိုရင်
သွေးလည်ပတ်မှုကောင်းစေပြီး
သွေးကြောပိတ်ခြင်းတွေကို
ကာကွယ်ပေးပါတယ်။
ဒါ့အပြင် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးကာဆဲလ်များပြန်လည်ရှင်သန်ခြင်းကို အားပေးပါတယ် ။🌟🌟
(၄) အရိုးအဆစ်နဲ့ကြွက်သားနာကျင်ခြင်းတွေကို
လျော့ချပေးနိုင်ပါတယ်။
လူတော်တော်များများဟာ
နေ့ဘက်မှာ အလုပ်တွေ
လုပ်နေကြရတာဖြစ်လို့
ခန္ဓာကိုယ်ရဲ့ နာကျင်မှုတွေကို
ညဘက်မှသာ
သတိထားမိတတ်ကြပါတယ်။
အထူးသဖြင့်
အိပ်ခါနီးအချိန်တွေမှာ
ပိုသိသာပါတယ်။
အကြောတွေကို
ဖြည်းဖြည်းမှန်မှန်ဆန့်ထုတ်ပေးတဲ့
ယောဂကျင့်စဉ်ဟာ
ကြွက်သားတွေရဲ့တင်းမာမှုတွေ /
အဆစ်တွေနာနေတာတွေ/
ညဘက်ကိုက်တတ်တာတွေကို
သက်သာစေပါတယ်။ 🌙🌙
(၅) အိပ်မပျော်တဲ့ရောဂါကို သက်သာစေပါတယ်။
အိပ်ယာဝင်ခါနီး ယောဂ လုပ်တတ်တဲ့
အကျင့်လေးရသွားတဲ့အခါ
သင့်ရဲ့ နေထိုင်မှုပုံစံတွေ/
ခန္ဓာကိုယ် အတွင်းအပြင် ဖြစ်ပျက်မှုတွေပါ
ပြောင်းလဲ သွားတဲ့အတွက်
အိပ်မပျော်တဲ့ရောဂါ ဟာ
တဖြည်းဖြည်းသက်သာလာပြီးတော့
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။🎯🎯
ယောဂချစ်သူလေးတွေက
အကျိုးကျေးဇူးတွေကိုသိပြီးပြီဆိုတော့
လက်တွေ့လိုက်လုပ်နိုင်ဖို့အတွက်
Bedtimes Yoga Pose လေးတွေကို
ပုံလေးတွေနဲ့အတူမျှဝေပေးလိုက်ပါတယ်။💫💫
ဖြည်းဖြည်းမှန်မှန်ကျင့် ပြီး
စိတ်ပျိုကိုယ်နု/ စိတ်သွားတိုင်းကိုယ်ပါတဲ့
စိတ်နဲ့ခန္ဓာ ကို ပိုင်ဆိုင်နိုင်ကျပါစေ။ 😇
Namaste 🙏🏻
Flexth Yoga
#yoga
Credit
