22 နာရီ - ဘာသာပြန်ပါ။

#အီကြာကွေး ကြော်နည်း

လူကြီးရော လူငယ်တွေပါ မနက်ဖက်အဆာပြေကို လက်ဖက်ရည်နဲ့ အီကြာကွေး တို့စားရတဲ့ဖီလင်ကို ခံစားဖူးကြမှာပါ။
ဟိုး ယခင်နှစ်များကဆို.. လူငယ်တွေ မနက်စောစော လက်ဖက်ရည်ဆိုင်ထိုင် လက်ဖက်ရည်ပေါ့ဆိမ့်လေးရယ် အီကြားကွေးနဲ့ ကြက်ဥကာကျက်လေးနဲ့ တွဲစားလိုက်ရရင် ဘဝဟာ တော်တော့်ကို ပြည့်စုံသွားပါပြီ။ ဘော်ဒါတွေနဲ့ တော်ကီပွားရင်း လက်ဖက်ရည်သောက်ရတဲ့ အရသာ...😋
အခုတော့ လူငယ်တွေ လက်ဖက်ရည်ဆိုင်ထိုင်လည်း ဖုန်းတစ်လုံးနဲ့ အချိန်ကုန်နေကြတာမို့ ယခင်လို လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ ဖီလင်ကို မသိကြတော့ပါဘူး.. ထားပါတော့ ဒါက လူငယ်တွေ ကိစ္စ ခုက အဲ့လိုလက်ဖက်ရည်ဆိုင်တွေမှာ မပါမဖြစ်တဲ့ အီကြာကွေးကို ကိုယ်တိုင် အိမ်မှာ အလွယ်တကူလုပ်စားချင်ရင် လုပ်စားလို့ရအောင်နည်းလမ်းတွေကို မျှဝေပေးမှာပါ။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့် ၁၅၀ ဂရမ်
သကြား လက်ဖက်စားဇွန်း ၃ဇွန်း
ပွဆေး လက်ဖက်စားဇွန်း ၁ဇွန်း
ဆား လက်ဖက်စားဇွန်း ၁ဇွန်း
yeast လက်ဖက်စားဇွန်း ၁ဇွန်း
ရေနွေးနွေး (သို့) နွားနို့အနည်းငယ်
ကြော်ရန် ဆီ

ကြော်နည်းအဆင့်ဆင့်

၁။ သကြားလက်ဖက်စားဇွန်း ၁ဇွန်းနှင့် yeast ၁ဇွန်းကို ရေနွေးနွေးတွင်ထည့်ပြီး ၁၀မိနစ်ခန့်စိမ်ထားပါ။
( instant yeastဖြစ်လျှင် စိမ်စရာမလိုပါ ထည့်မွှေလို့ရပါတယ်)

၂။ ဆီမှလွှဲ၍ ကျန်ပါဝင်ပစ္စည်းများအားလုံးနှင့် စိမ်ထားသော yeastများကို ရောမွှေပါ။ (သတိပြုရန်မှာ (ရေ သို့ နွားနို့ကို ဖြည်းဖြည်းချင်းဆီထည့်ပါ ရေများလျှင်မကောင်းသလို ရေနည်းလျှင်လဲမကောင်းပါ။ ပုံမှာပြထားသလိုဖြစ်သည်အထိ နှဲပေးရပါမယ်)

၃။ နှဲပြီးသား မုန့်များကို အဝတ်စိုစိုဖြင့်အုပ်ကာ ပူနွေးသောနေရာမှာ ၂နာရီခန့်ထားပြီး မုန့်နှစ်များ ၂ဆ ပွလာသည်အထိ ထားပါ

၄။ ပွလာသော မုန့်နှစ်များကို ၄မိနစ်ခန့် ပြန်နှဲပြီးနောက် တလက်မခန့်အထူရှိသည်အထိ လှိမ့်တုံးဖြင့် လှီမ့်ထားပါ

၅။ လှိမ့်ပြီးသား မုန့်နှစ်များကို ညီညာပြီး အနည်းငယ် ရှည်သော အရွယ်အနေအထား ရသည်အထိ အပိုင်းလေးများ ပိုင်းဖြတ်ထားပါ (ပုံမှာပြထားသည့်အတိုင်း)

၆။ ပိုင်းဖြတ်ထားသော မုန့်နှစ် အလည်တွင် တူဖြင့် အရာပေးပြီး ရေစွတ်ကာ အပေါ်မှ မုန့်နှစ်အပိုင်းတခုထပ်တင်ပြီး အနည်းငယ်အားဖြင့်ဖိကာ အရာပေးပါ (ပုံပါအတိုင်း)

၇။ ဆီကို အနည်းငယ် ပူလာအောင် အပူပေးပြီးနောက် မုန့်များ တခုဆီထည့်ပြီး ရွှေဝါရောင်သန်းလာသည်အထိ တဖက်ဆီမကြာခဏလှန်ပြီး ကြော်ပါ (ဆီသည် အပူချိန် ၃၅၀•C ဖြစ်နေရပါမည်)

၈။ ကျက်လျှင် အအေးခံ စားလို့ရပါပြီ 🤣🤣🤣

image