#ပူစီနံနှင့်ကျန်းမာ​ရေးအာနိသင်
၁။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေပါတယ်။
နောက်ပြီး ကပ်ပါးပိုး ကြောင့်ဖြစ်တဲ့ ယောနိရောင်ရမ်းခြင်း၊
ပါးစပ်အနာပေါက်ခြင်းတွေကို သက်သာ စေပါတယ်။
၂။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက်
အိုမင်းရင့်ရော်ခြင်း ကနေ ကာကွယ်ပေးပါတယ်။
၃။ ဗီတာမင်အေ၊ သံဓာတ်နဲ့ မက်ဂနီ ဆီယမ်တွေကြွယ်ဝစွာပါဝင်တဲ့အတွက်
ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
၄။ ဗီတာမင်စီဓာတ် ပါဝင်မှုများတဲ့ အတွက် သွားဖုံးနာခြင်း၊
သွေးထွက်ခြင်း၊ သွားဖုံးပြည်တည်ခြင်းတွေမှာ ပူစီနံကိုချေထားတဲ့အရည်ကို
သောက်သုံးပေးသင့်ပါတယ်။
၅။ အစာချေဖျက်ခြင်းကို အားပေးပြီး အစာအိမ်ရောင်ခြင်း၊
နာခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ Thymol နဲ့ Carvacol ဓာတ်တွေပါဝင်နေပါတယ်။
၆။ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းမှာ
ပူစီနံရွက်ကိုရှူပေးရင် သက်သာနိုင်ပြီး ရေနွေးနွေးမှာ ပူစီနံရွက်ကိုထည့်ပြီး နှသောက်သုံးပေးရင် သွေးမပေါ်ခင် ဖြစ်တတ်တဲ့နာကျင်မှုကို သက်သာစေပါတယ်။

image