#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ၂၀၂၄ ခုနှစ်တွင် နိုင်ငံတကာပရဟိတလုပ်သား ၃၈၀ ကျော် သေဆုံးခဲ့ရ

၂ဝ၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပဋိပက္ခဇုန်များ၌ အသက် သေဆုံးခဲ့ရသည့် နိုင်ငံတကာပရဟိတအလုပ်သမား ၃၈၃ ဦးအထိ ရှိခဲ့ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက ဩဂုတ် ၁၉ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

ကုလသမဂ္ဂတာဝန်ရှိသူများ၏ အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း သေဆုံးခဲ့ရသည့် နိုင်ငံတကာပရဟိတအလုပ်သမားများ အနက် ထက်ဝက်နီးပါးမှာ အစ္စရေးနှင့်ဟားမားစ်အုပ်စုတို့၏ ဂါဇာစစ်ပွဲကာလအတွင်း သေဆုံးခဲ့ရသူများ ဖြစ်ကြောင်းသိရသည်။

ယင်းအပြင် ပြီးခဲ့သည့် နှစ်အတွင်း နိုင်ငံတကာ ပရဟိတလုပ် သားများ တိုက်ခိုက်ခံရမှုပေါင်း ၅၉၉ မှုအထိ ရှိခဲ့ရာ ၂ဝ၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်လာခဲ့ကြောင်း ကုလတာဝန်ရှိသူများက ပြောကြားသည်။

နှိုင်းယှဉ်ကြည့်ပါက ၂၀၂၃ ခုနှစ်တွင်ကမ္ဘာတစ်ခွင် ပဋိပက္ခများ၌ သေဆုံးခဲ့ရသူ နိုင်ငံတကာပရဟိတ အလုပ်သမားအရေအတွက်မှာ ၂၉၃ ဦး ရှိခဲ့ပြီး ၎င်းအလုပ်သမားများ တိုက်ခိုက်ခံရမှု အကြိမ်ရေမှာ ၄၂ဝ ထိရှိခဲ့သည်။

ပဋိပက္ခဇုန်များအတွင်း နိုင်ငံတကာပရဟိတလုပ်သားများ မည် သည့်တာဝန်ယူမှုမျိုးမှ မရှိဘဲ သတ်ဖြတ်ခံနေရမှုမှာ နိုင်ငံတကာ အသိုက်အဝန်းအတွက် ရှက်ဖွယ်လိလိကိစ္စဖြစ်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက ဝေဖန်ထားသည်။

၂ဝ၂၄ ခုနှစ်အတွင်း သေဆုံးခဲ့ရသည့်ပရဟိတလုပ်သားများအနက် ၁၈ဝ မှာဂါဇာစစ်ပွဲအတွင်း သေဆုံးခဲ့ရသူများဖြစ်သည်။

image