1 d - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရွှေ့ပြောင်းအလုပ်သမား ရှစ်ဦး ထိုင်းတွင် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ လယောင်းခရိုင်တွင် ဩဂုတ် ၁၉ ရက်က မြန်မာအပါအဝင် Work permit မရှိဘဲ အလုပ်လုပ်ကိုင်နေကြသည့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ရှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းအလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
Rayong ပြည်နယ် အလုပ်အကိုင်အရာရှိများက "Trai Thep Phithak" Task Force နှင့်အတူ Pinthong 6 စက်မှုဇုန်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ်မြန်မာအပါအဝင် တရုတ်နှင့်ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သား ရှစ်ဦးကို Work permit မရှိဘဲ တရားမဝင် လုပ်ကိုင်နေကြောင်း တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးခံခဲ့ရသည့်တရားမဝင်လုပ်သား ရှစ်ဦးအား ထိုင်းဥပဒေအရ တရားစွဲမှုများပြုလုပ်ထားကြောင်း သိရသည်။
ထို့ပြင် ရနောင်းခရိုင်တွင် ကော့သောင်းဘက်မှ ဝင်ရောက်လာပြီး အခွန်ရှောင်ကာ ကွမ်းသီးများ သယ်ဆောင်လာသည့် မြန်မာသုံးဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

image