1 ရက် - ဘာသာပြန်ပါ။

◾ကွမ်းခြံကုန်းမြို့အနီး ​ဗဟိုပြု၍ အင်အား ၅ ဒသမ ၁ အဆင့်ရှိငလျင်လှုပ်
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အား ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်စ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ အင်အားအသင့်အတင့်ရှိ ငလျင်သည် ယနေ့ နံနက် ၉ နာရီ ၂၈ မိနစ်ခန့်က ကွမ်းခြံကုန်းမြို့၏ အရှေ့တောင်ဘက် (၂၈) မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ယမန်နေ့(သြဂုတ် ၂၀ ရက်)ည ၇ နာရီ ၁၆ မိနစ်ခန့်ကလည်း ဧရာဝတီတိုင်း၊ဖျာပုံမြို့အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၄ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုများအား ရန်ကုန်မြို့နေပြည်သူများ သိသိသာသာ ခံစားသိရှိခဲ့ရသည်။

#ပြည်တွင်းသတင်း

image